Addons မသုံးဘဲ Proxy အမျိုးမျိုး Firefox တွင် သုံးနည်း
1554..Addons မသုံးဘဲ Proxy အမျိုးမျိုး Firefox တွင် သုံးနည်း ( 30.7.11 )
Firefox မှာ proxy များစွာ ထည့်ထားလို့ရပါတယ်။ Addons ထည့်သုံးတာနဲ့ မတူပါဘူး။ Addons တွေ proxy ပြောင်းလို့ရတာ မှန်ပေမယ့် တစ်ကြိမ်မှာတော့ တစ်ခုပဲ သုံးရတာပါ။ အခုနည်းလမ်းက လိုင်းနှစ်လိုင်း သုံးသူများအဖို့ အဆင်အပြေဆုံး နည်းလမ်း ဖြစ်ပါလိမ့်မယ်။ ဥပမာ ADSL နဲ့ Skynet လိုင်းနှစ်လိုင်း ရှိတဲ့သူဆို တော်တော်ဒုက္ခရောက်မှာပါ။ Router သို့မဟုတ် Server သုံးပြီး လိုင်းနှစ်လိုင်းကို ပေါင်းနိုင်ပေမယ့် Skynet က No Proxy ဖြစ်ပြီး ADSL က ygncache ဖြစ်တာမို့ Skynet သုံးချင်ရင် No Proxy ပြောင်းရ၊ ADSL သုံးချင်ရင် ygncache ပြောင်းရနဲ့ အလုပ်အတော်ရှုပ်ပါတယ်။
လုပ်ဆောင်နည်းသဘောတရား
Firefox မှာ User Profile ဆိုတာ ပါပါတယ်။ သူက ဖျောက်ထားပါတယ်။ ကျွန်တော်တို့က အခု User Profile နှစ်ခု ဖန်တီးမှာပါ။ တစ်ခုက Skynet အတွက် No Proxy ထည့်မှာဖြစ်ပြီး နောက်တစ်ခုက ADSL အတွက် ygncache ထားမှာပါ။ ပြီးရင် Desktop ပေါ်မှာ Shortcut နှစ်ခု တင်ပါ့မယ်။ တစ်ခုကိုဖွင့်ရင် No Proxy နဲ့ ပွင့်မှာဖြစ်ပြီး နောက်တစ်ခုကို ဖွင့်ရင် ygncache နဲ့ ပွင့်မှာပါ။
စလုပ်ကြည့်ရအောင်
၁။ Windows+R နှိပ်လို့ ပေါ်လာတဲ့ Run box ထဲမှာ firefox.exe -no-remote -P လို့ ရိုက်ပြီး Enter ခေါက်ပါ။
၂။ Firefox- Choose User Profile ဆိုပြီး dialogbox တစ်ခု ပေါ်လာပါလိမ့်မယ်။
၃။ Create profile ကိုနှိပ်ပါ။ ပြီးရင် Next ကိုနှိပ်ပါ။ Profile အတွက် နာမည်ပေးပါ။ ဥပမာ Skynet ပေါ့။
၎။ ပြီးရင် Finish ကို နှိပ်ပါ။ အဲဒီ Profile ကို ရွေးပြီး Start Firefox ကိုနှိပ်ပါ။
၅။ Tools>Options>Network ထဲသွားပြီး No Proxy ထားပါ။
ADSL အတွက် အထက်ပါအတိုင်း ပြန်လည်လုပ်ဆောင်ပါ။ Profile နာမည်ပြောင်းပေးပါ။ ပြီးရင် Start Firefox နှိပ်ပြီး Proxy ကို ygncache ထားပါ။
ရပါပြီ။ Shortcut တင်ရမယ့် အဆင့်ပဲ ကျန်ပါတော့တယ်။ Desktop ပေါ် Right Click နှိပ်ပြီး New>Shortcut ကို ရွေးပါ။
C:\Program Files\Mozilla Firefox\firefox.exe -no-remote -P "profile1" လို့ ဖြည့်ပေးပါ။ "skynet" ဆိုတဲ့ နေရာမှာ ကိုယ့် Profile နာမည်ကို ထည့်ပေးရမှာပါ။ ဥပမာ skynet အတွက် skynet profile နာမည်ကို ထည့်ပေးပါ။ Shortcut name ကို ကြိုက်တာ ပေးပါ။ ဥပမာ Mozilla Firefox (Skynet) ပေါ့။ ADSL အတွက်လည်း နောက်ထပ် shortcut တစ်ခု ထပ်လုပ်ပြီး ADSL profile ထည့်ပေးရုံပါပဲ။
Category: နည်းပညာ