Buzz ရဲ့ အဓိကလုပ်ဆောင်ချက် ၅ ခု

ဇင်မင်းထွန်း(အမရပူရ) | 8:16 PM |

 G O O G L E  B U Z Z 

Google Buzz ဆိုတာ PC ဒါမှမဟုတ် Mobile ပေါ်မှာ အသုံးပြုနိုင်ပြီး လူမှုရေး network တွေ အားလုံးကို ပေါင်းစည်း လိုက်တာ Rss တစ်ခုအနေနဲ့ Buzz က ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ အရာအားလုံးဟာ လက်ရှိရှိနေတဲ့ gmail နဲ့ google.com ရဲ့ ပင်မအခြေခံ အဆောက်အအုံထဲမှာပဲ ရှိနေပါတယ်။

Buzz ရဲ့ အဓိကလုပ်ဆောင်ချက် ၅ ခု

     Google buzz မှာ gmail ကိုသုံးပြီး email ပို့ခဲ့တဲ့သူတွေကို သူငယ်ချင်းအဖြစ် အလိုအလျှောက် ထည့်သွင်းပေးတဲ့ Automatic friend lists၊ picasa နဲ့ twitter တို့လို siurces ကို feed တစ်ခုထဲအဖြစ် ပေါင်းစပ်ပေးတဲ့ Rich fast sharing ပါရှိပြီး photo တွေကို အရွယ်အစားအပြည့်နဲ့ ကြည့်ရှုနိုင်ခြင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ပြောင်းလဲနိုင်တဲ့ public and private sharing ၊ facebook လိုမျိုး update တွေကို email ပို့မယ့်အစား buzz မှာ ပါဝင်လုပ်ဆောင်နိုင်ပြီး Buzz thread မှာ ပါဝင်တဲ့အရာအားလုံးကို update အမြဲတမ်း လုပ်ပေးနေမယ့် inbox integration ၊ သူငယ်ချင်းရဲ့ဆင့်ပွား သူငယ်ချင်းမှာ ပါဝင်တဲ့ အရာတွေဟာ ကိုယ်နဲ့ သိကျွမ်းမှုမရှိရင်တောင်မှ recommended buzz က feedback လုပ်ချိန်တိုင်းကို လေ့လာနေခြင်း စတာတွေ ပါဝင်ပါတယ်။ Google buzz ဟာ တစ်ချိန်ချိန်မှာတော့ gmail ထဲမှာ tab အသစ်တစ်ခုအဖြစ် မြင့်တက်လာသင့် ပါတယ်။

     Android နဲ့ iphone browser ပေါ်က google.com ကနေ buzz ဟာ mobile မှာလည်း လုပ်ဆောင် ပေးနိုင်ပါတယ်။ ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ တည်နေရာကို ရှာဖွေဖေါ်ပြပေးနိုင်ပါတယ်။ အဲဒီကတစ်ဆင့် buzz ဟာ စီးပွားရေး လုပ်ငန်းနဲ့ စားသောက်ဆိုင်လို အရာတွေရဲ့ သတင်းအချက်အလက်ကို feed လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ စီမံပေးနိုင်ပါတယ်။

Facebook နဲ့ Titter အစား Google buzz ကို ဘယ်အချိန်မှာ သုံးသင့်သလဲ။

     ဒီကနေ့နည်းပညာမှာ google buzz ဟာ လူတိုင်းပါးစပ်ဖျားမှာ ရှိနေပါတယ်။ ချီးမွမ်းမှုတွေရော၊ အဆိုးမြင်မှုတွေနဲ့ပါ ရောနှောနေပြီး ကောင်းမွန်တဲ့ အရာလို့ ပြောနိုင်ပေမယ့်လည်း ရိုးရှင်းမှုတော့ မဟုတ်ပါဘှုး ။ ဒီအချက်ကတော့ တစ်ယောက်ယောက်ဟာ ဒါကို တကယ်တမ်း အသုံးပြုနိုင်တဲ့အထိ ဘယ်နေရာတွေကို ပိုင်ဆိုင်ထားပြီး ဒါကို အသုံးပြုမယ် မပြုဘူးဆိုတာ ဖော်ထုတ်ပြဖို့ ခက်နေနိုင်ပါတယ်။ ဒါကြောင့် လူမူ media ကျွမ်းကျင်သူတို့ရဲ့ အကြံပေးချက်ပေါ် မှီခိုနေမှာထက် facebook၊ Twitter ဒါမှမဟုတ် အခြား social network အမျိုးအစားတွေ ထက် Buzz ကို ရွေးချယ်သင့်တယ် ဆိုတာတွေနဲ့ မရရှိနိုင်တဲ့ အချက်တွေကို ဆက်လက်ဖေါ်ပြပါမယ်။

လူကြိုက်များတဲ့ ၅ နေရာ

1. Buzz ဟာ ကောင်းကောင်း စုစည်းထားနိုင်ပါတယ်။
     Google က ဝန်ဆောင်မှုတွေ အရောင်းရဆုံးနေရာ ဖြစ်နိုင်တာကတော့ သူုဟာ အရာရာတိုင်းကို တစ်နေရာတည်းမှာ ဆွဲသွင်းထည့်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ wave ဟာ ဆက်သွယ်ရေးပေါင်းစည်းထားမှု ဖြစ်တယ်ဆိုရင် buzz ကလည်း လူမှုရေးကမ္ဘာ အတွက် အတူတူဖြစ်လာပြီး gmail အသုံးပြုသူတွေအတွက် ကောင်းတာကတော့ email ဝန်ဆောင်မှုတွေဆီကို တည့်တည့် မတ်မတ် ချည်နှောင် လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကွဲပြားတဲ့ network တွေကို log-in ထပ်ဝင်ဖို့ မရှိတော့ပါဘူး။ ဒီလိုမျိုး ရပ်တည်ဖို့ buzz က twitten picasa နဲ့ flicker တို့ကို သယ်ဆောင်လာတာဟာ ကောင်းတဲ့ စတင်မှု တစ်ခုဖြစ်ပေမဲ့ တစ်ကယ်တမ်း ဖြည့်စွမ်းဖို့ အတွက်ကတော့ facebook ကိုလည်း ပါဝင်လာဖို့ သဘောတူညီမူတွေ လိုပါသေးတယ်။
2. ပါဝင်တာတွေက ကောင်းမွန်လာပါတယ်။
     Twitter ဒါမှမဟုတ် facebook လို static icon ဖြစ်တဲ့ link ကိုသာ buzz က ပေးထားတာမဟုတ်ဘဲ URL ဆီက သတင်းအချက်အလက်ကို သူကိုယ်တိုင်က ဆွဲယူထားပါတယ်။ Demo video အရ ဘာတွေ ထပ်ရှိသလဲဆိုတော့ မြန်ဆန်စွာလုပ်နိုင်ပြီး ရောက်ရှိနေတဲ့စာမျက်နှာကနေ ထွက်သွားဖို့လည်းမရှိပါဘူး။ ဒါဟာ click နှိပ်ရတဲ့ အလုပ်တွေကို သက်သာသွားစေပေမယ့် spam link ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာနိုင်ပါတယ်။ မကောင်းတဲ့ URL တစ်ခုရဲ့ အခြားတစ်ဖက်မှာရှိတဲ့ မဟုတ်တရုပ်တွေကို အလိုအလျောက် ထည့်သွင်းသွားမှာလား၊ ဒါမှမဟုတ် Gmail လိုမျိုး စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး filter တစ်ခု ဖြစ်နေမှာလား ဆိုတာကတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။
3. အသံနဲ့ update ပြုလုပ်နိုင်ပါတယ်။
     ဒါဟာ ကောင်းမွန်တဲ့ ထိတွေ့မှုတစ်ခုဖြစ်ပြီး မကြာခင်ဝန်ဆောင်မူထဲမှာ ထပ်ထည့်လာပါလိမ့်မယ်။ buzz စာမျက်နှာကို အသံနဲ့ update ပြုလုပ်နိုင်လာပါလိမ့်မယ်။ ပုံမှန်အားဖြင့် voice recognition လုပ်ဆောင်ပေးနိုင်တဲ့ phone ကနေသာ ဒီဟာကို အလုပ်လုပ်ပေးနိုင်ဖို့ စတင်နိုင်ပြီး ဖြစ်နိုင်တာကတော့ Android 2.0 ဒါမှမဟုတ် သူ့ထက်ပိုမြင့်တာတွေပဲ ဖြစ်ပါတယ်။ အခြားနည်းအနေနဲ့ စိတ်ကူးထဲရှိတာတွေကို tweeting ဒါမှမဟုတ် facebooking မလုပ်ခင် hand free အတွက် စောင့်နေရတာကတစ်ဆင့် မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ လူတိုင်းရဲ့ comment ဟာ သူတို့ရဲ့ဘဝမှာ ဖြစ်ပျက်နေတာကို သက်ဝင်နေစဉ်မှာပဲ တချို့သော ထိခိုက်ဖွယ်ကိစ္စတွေ ဖြစ်စေဖို့ ဦးတည်လာနိုင်ပါတယ်။ လူမှုရေးရည်မွန်မှုကိုတစ်နေရာရာမှာ ဘေးထုတ်ထားခံရပါလိမ့်မယ်။
4. ရောက်ရှိတဲ့နေရာကို အခြေခံထားပါတယ်။
     ဒါဟာ Foursquare လိုမျိုး ဝန်ဆောင်မူတွေက လုပ်ဆောင်ထားနိုင်ပြီးသား ဖြစ်ပေမယ့် ဒီအချက်ကတော့ Buzz ဟာ အခြားသော အရာအားလုံးကို ပေါင်းစည်း ပေးထားခဲ့ပြီး တစ်နေရာတည်းမှာ ရရှိစေဖို့ ခိုင်မာအောင် ထပ်လုပ် ထားပါတယ်။ ပုံမှန်အားဖြင့် အခြားလူမူရေးဝန်ဆောင်မှုတွေပေါ်မှာ ရောက်ရှိတဲ့နေရာနဲ့ GPS co-ordinate တွေကို မှတ်သားထားနိုင်ပေမဲ့ သူငယ်ချင်းဟာ ဘယ်အချိန်မှာ ဘယ်မှာနေ နေတယ်၊ အခုအချိန် ဘယ်မှာရှိနေတယ် ဆိုတာကို Google latitude style စတိုင်နဲ့ တည့်သွင်းထားတဲ့ မြေပုံပေါ်မှာ ပိုပြီးအာရုံစိုက်ထားပါတယ်။
5. အနှောက်အယှက်ဖြစ်စရာတွေကို ပယ်ဖျက်ထားပါတယ်။
     Twitter မှာ အနှောက့်အယှက် ဖြစ်စရာ အားလုံးရှိနေပြီး ဒါကပဲ နှစ်လိုဖွယ် အစိတ်အပိုင်းပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာ လူအုပ်စု တော်တော်များများရဲ့ microblogging network ကို ပိတ်ထားဆဲ ဖြစ်နေရတဲ့ အကြောင်းပြချက် တစ်ခုလည်းဖြစ်ပါတယ်။ နေ့ရက်ရဲ့မိနစ်တိုင်းမှာ လူတွေ ဘာဖြစ်နေတယ်ဆိုတာ ကိုသိဖို့ ဘာလုပ်ရမလဲ၊ ပြီးရင် လူတိုင်းကိုလည်း ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကို ဆွေးနွေးမူတစ်ခု ပြုလုပ်ယူရပါမယ်။
     Google ဟာ Gmail မှာ spam စစ်ထုတ်ပေးနိုင်တာကအဓိက ကောင်းမွန်နေဆဲဖြစ်ပြီး ဒီအချက်ကပဲ ကုမ္ပဏီအတွက် ခိုင်မာတဲ့အခြေခံတစ်ခု ပြုလုပ်စေနိုင်ကာ မကြားချင်တဲ့ status updates ကိုလည်းပဲ တူညီစွာ လုပ်ဆောင်နိုင်စေခြင်းဖြစ်ပါတယ်။ တကယ်လို့ buzz အနေနဲ့ ဒီဟာကိုထိထိရောက်ရောက်စီမံနိုင်ရင် twitter နဲ့ Facebook တို့ထက် ကောင်းကျိုးတစ်ခုရှိလာပါလိမ့်မယ်။ အဲဒီနောက် ဆက်သွယ်မှုနဲ့ ပတ်သက်ချက်ပေါ်မှာ အခြေခံပြီး အနှောင့်အယှက်တွေလျော့ကျသွားတာဟာ ဆက်သွယ်သူတို့ရဲ့ massage မှာပါရှိတဲ့အရာတွေနဲ့ မဆုံးဖြတ်ပါဘူး။ အဲဒါရဲ့ရလဒ်ကတော့ သိဖို့ခဲယဉ်းတဲ့တစ်စုံတစ်ယောက်ဆီကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ comment တစ်ခုအဖြစ် buzz ကကောင်းစွာ ချိန်ကိုက်ပေးနိုင်လာပါလိမ့်မယ်။

မရှိနိုင်တဲ့အရာ ၅ ခု

1. Gmail မှာ user က ရှိနေရပါမယ်။
     Gmail ပေါ်မှာ လုပ်ဆောင်နေတာသာ မဟုတ်ခဲ့ရင် Buzz ကို အသုံးပြုလို့ရတဲ့ နေရာမရှိပါဘူး။ အခြားဝန်ဆောင်မူတွေမပါဘဲ buzz တစ်ခုတည်းနဲ့ လုပ်နိုင်တာအရမ်းနည်းပါတယ်။ ဒါဆိုရင် email package တစ်ခုအတွက် sing up ပြုလုပ်ရယူဖို့ဆိုတာ လူတွေအတွက် မေးစရာဖြစ်လာပြီး social network တစ်ခုကို သုံးဖို့မလိုအပ်ပါဘူး။ Gmail မဟုတ်တဲ့ တခြား mail တွေသုံးနေသူ များစွာရှိနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဟာ နေရာတိုင်းမှာရိုးရှင်းမနေပါဘူး။ facebook ရှိနေပြီးသားလိုမျိုးဖြစ်ပြီး ဒါဟာ
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတော်တော်များများဟာ သူတို့ရဲ့ လက်ရှိ email ပုံစံ အမျိုးအစားကိုစိတ်ကျေနပ်မှု ဖြစ်နေပြီးသား ဖြစ်တာကြောင့် buzz ကို ကူးပြောင်းရွေးချယ်လာမှာ မဟုတ်ပါဘူး။
2. ဒီကနေ twitter ကို update မလုပ်နိုင်ပါ။
     တိကျတဲ့ Twiter ရဲ့ပြောကြားချက်အားလုံးကို ဆွဲယူနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်စိတ်ကူးကို Buzz သုံးပြီး တကယ်တမ်း tweet မလုပ်နိုင်ပါဘူး ။ ဘယ်သူတွေက ဘာတွေပြောထားတယ် ဆိုတာကို တုံ့ပြန်ချင်တဲ့၊ ကောင်းတဲ့အချိန်ပိုင်း တစ်ခုဖြစ်လာစရာ ရှိနေပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ buzz ထဲကို log-in ဝင်မယ်။ ပြီးရင် Twitter ထဲကို log-in ဝင်ရောက်တယ်ဆိုတာ ရိုးစင်းတဲ့အရာဖြစ်မလာပေမယ့်လည်း Social ဝင်ရောက်ပြုလုပ်ချိန်ကိုသာ ထိထိရောက်ရောက်နဲ့ အချိန်ကို နှစ်ဆဖြစ်စေပါတယ်။
3. သူငယ်ချင်းတွေကို ချိတ်ဆက်တာဟာ မကောင်းပါဘူး။
     Contact book ကနေ buzz ဟာ လူအားလုံးကို auto-friend လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့လည်း email ပို့တဲ့သူတွေနဲ့ social ကျကျ ဆက်သွယ်ချင်တဲ့သူတွေကို တူညီနေဖို့ မလိုအပ်ပါဘူး။ ကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုတွေ၊ အခြား online stores နဲ့ ဝန်ဆောင်မှုတွေကို ဆက်သွယ်ထားခဲ့တာကို အဆုံးသတ်လိုက်ရမှာလား၊ အမှန်တော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ Google က ရူးသွပ်နေတာ မဟုတ်ပေမယ့် buzz sicialcircle ထဲတွင် လုပ်ငန်းပတ်သက်ဆက်သွယ်မှု အနည်းငယ်ရှိနေတာကို ရှာတွေ့နိုင်ပြီး ဒါဟာ အကောင်းဆုံး အကြောင်းပြချက်တစ်ခု အဖြစ်နဲ့ပဲ facebook ကိုအစားထိုးနိုင်ပါတယ်။
4. လူမှုရေး network ဟာ အနှောက့်အယှက် ဖြစ်စေသလား။
     ဒါကတော့ Googoe buzz ရဲ့ noise filter ကိုဘယ်လောက်အထိ ယုံကြည်နိုင်သလဲ ဆိုတာဘဲ ဖြစ်ပါတယ်။ Google ဟာ Gmail မှာ spam filtering ကိုအကောင်းဆုံး လုပ်ဆောင်နိုင်နေပေမယ့် မလိုအပ်တဲ့ message တွေကို ရှာဖွေဖို့ လုပ်ဆောင်နေသူတွေကလည်း အများအပြား ဖြစ်နေပါတယ်။ ဒါဟာ စိတ်ဝင်စားဖွယ်ရာမရှိတဲ့ status update အတွက်တော့ မမှန်ပါဘူး။ ဒါဆိုရင် twiter ဒါမှမဟုတ် facebook သုံးမယ့်အစား buzz နဲ့ စစ်ဆေးကြည့်ခြင်းအားဖြင့် ဘာတွေကို လွတ်ထွက် သွားမလဲဆိုတာ မသေချာနိုင်ပါဘူး။ အဲဒီနောက် network မှာရှိတဲ့ အားလုံးကို စစ်ဆေးကြည့်တာကို အဆုံးသတ်သွားစေနိုင်ဖို့ ဖြစ်သွားနိုင်ပါလိမ့်မယ်။ ဒီကနေပဲ buzz ကလုပ်ဆောင်တဲ့ အရာတွေကို မယုံကြည်မှုစတင်ဖို့ လွတ်သွားတဲ့ဖိတ်ကြားချက်တစ်ခုကိုသာ ဖြစ်ပေါ်လာစေပါတယ်။
5. ရိုးစင်းပြေပြစ်မှု။
     Buzz ကို ပထမဆုံးတွေ့ချိန်မှာ လွယ်ကူတဲ့ဝန်ဆောင်မှုလို့ မထင်ရပါဘူး။ twitter နဲ့ဆိုရင် Share လုပ်ချင်တဲ့ အရာတွေကို ပြုလုပ်မယ်၊ ဒါမှမဟုတ် မပြုလုပ်ချင်လည်း ရပါတယ်။ buzz ဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် အဆင့်တွေကို ကွဲပြားစွာ ထားရှိပါတယ်။ status update တွေကို network တစ်ခုလုံးက မြင်တွေ့နေနိုင်တယ်၊ ဒါမှမဟုတ် ရွေးချယ်ပေးထားခဲ့တဲ့ member တွေသာ တွေ့နိုင်စေပါတယ်။ ဒါဟာ ကောင်းမွန်တဲ့စိတ်ကူး တစ်ခုဖြစ်ပေမယ့် ပိုပြီးတော့ လိုက်လျောညီထွေဖြစ်အောင်လုပ်လေ ပိုပြီးရှုပ်ထွေးမှုတွေ ဖြစ်လာစေပါတယ်။
     ဒါတွေဟာ တစ်စုံတစ်ယောက်က google buzz ကိုအသုံးပြုရတာ ငြီးငွေ့လာနိုင်တာနဲ့ လူတွေ အတွက် ရရှိလာနိုင်တယ် ဆိုတာတွေပါပဲ။ ဒီမှာကတော့ facebook ၊ twitter တို့ကို ယှဉ် ပြိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ google ရပ်တည်လာနိုင်မယ်၊ ဒါမှမဟုတ် ကျရှုံးသွားနိုင်တယ်ဆိုတာကို စတင်တဲ့အရာမဟုတ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဝန်ဆောင်မှုတစ်ခုဟာ add-on တစ်ခုသာဖြစ်ပြီး ဒီဝန်ဆောင်မှုကို gmail ဒါမှမဟုတ် google တစ်ခုလုံးလိုမျိုး တွေ့မြင်နိုင်ပါတယ်။ Gmail မှာရှိနေတဲ့လူတွေကို buzz ဟာ ပိုမိုရရှိနိုင်ပြီး ဒီ platform အတွက်လည်း sign-up ပြုလုပ်လာတဲ့လူ အနည်းငယ်ကို ရရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ယခု buzz ကို သုံးကြည့်နေတာ ထိုက်တန်မှု ရှိပြီး နောက်ထပ် layer တွေ ထပ်ထည့်နေတဲ့ Google ကို စောင့်ကြည့်နေရပါလိမ့်မယ်။

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!