Google Account မှ အမခဲ့ Service များ

ဇင်မင်းထွန်း(အမရပူရ) | 8:24 PM |


Google Account မှ အမခဲ့ Service များ

Internet, Email & English ဆိုတဲ့ အသုံးလုံး ခေတ်ကြီးထဲမှာ လူတစ်ဦးတစ်ယောက်တိုင်းမှာ Email Account တစ်ခု ဒါမှမဟုတ် တစ်ခုနဲ့အထက် ရှိကြ ပါတယ်။
Chatting ၀င်ဖို့ Social Network မှာ Signup လုပ်ဖို့ သူငယ်ချင်းတစ်ယောက်ဆီကို Message ပို့ဖို့  သတင်း အသစ်တွေရှိရင် Alert လုပ်ဖို့ Blog တစ်ခုတည်ဆောက် နိုင်ဖို့ ကိုယ်ပိုင် Document တွေကို Online မှာ တင်ထားပြီး လိုအပ်ရင် Online မှာတင် တည်းဖြတ်နိုင်ဖို့ News Group တွေ Event Group တွေဖွဲ့ပြီး သတင်းအသစ်တွေ အသိပညာတွေ အပေးအယူလုပ်ဖို့၊ အရေးတကြီးလုပ်ရ မယ့် Event တွေကို အစီအစဉ်ဆွဲနိုင်ဖို့၊ သူငယ်ချင်းတွေ အစုအဖွဲ့လိုက်ဖွဲ့နိုင်ဖို့၊ မိမိကိုယ်ပိုင် Website တစ်ခု တည်ထောင်နိုင်ဖို့၊ မိမိစိတ်ကြိုက် Website လိပ်စာတွေကို Online မှာပဲ မှတ်သားထားပြီး ဘယ်နေရာရောက်နေ ရောက်နေ အလွယ်တကူ ပြန်ခေါ်ကြည့်နိုင်ဖို့၊ ကိုယ်ရှာဖွေ ကြည့်ရှုခဲ့တဲ့ Website တွေကို မှတ်သားထားပြီး အလွယ် တကူ ပြန်လည်ရှာဖွေနိုင်ဖို့၊  ကိုယ့်ရဲ့ပုံတွေကို Online မှာ တင်ထားပြီး Public ဒါမှမဟုတ် စိတ်ကြိုက် Member တွေသာ ကြည့်ရှုခွင့်ပေးဖို့၊ အလုပ်လျှောက်ဖို့ အဲဒါတွေ အားလုံးကို Email အကောင့်တစ်ခုရှိရုံနဲ့ လုပ်ယူလို့ ရပါတယ်။
အကုန်လုံး အခမဲ့ ရရှိနိုင်ပါတယ်။ နှစ်စဉ်ကြေးတွေ လစဉ်ကြေးတွေ Signup ကြေးတွေပေးစရာမလိုပါဘူး။ ပေးရမယ့်အခကြေးငွေက တစ်ခုပဲရှိပါတယ်။ Internet အသုံးပြုခပါ။ တစ်နာရီ ၅၀၀ ကျပ်တန်ဆိုင်မှာ သုံးရင် တစ်နာရီ ၅၀၀ ကျပ်ပဲကျမှာပါ။ တစ်နာရီ သုံးရာကျပ် တန်ဆိုင်မှာ သုံးရင်တော့ ၃၀၀ ပေါ့။ အိမ်မှာ လိုင်း လျှောက်ပြီးသုံးလဲ လိုင်းအတွက် နှစ်စဉ်ကြေး လစဉ်ကြေး တွေပဲ ပေးရမှာပါ။ Google Services ကိုသုံးလို့ ဘာအခွန် အခမှ မရှိပါဘူး။
Internet ပေါ်က Services အကုန်လုံးရဲ့ Identity က Email အကောင့်တစ်ခုတည်း ဖြစ်သွားနိုင်ပါတယ်။ အပြင်မှာဆိုရင်တော့ NRC သို့မဟုတ် FRC (National / Foreign Registration Card) မှတ်ပုံတင်ကဒ်လိုပေါ့။ Web ပေါ်က Services တွေ Internet ပေါ်က Application တွေ ဒီလုပ်ဆောင်ချက်တွေ အကုန်လုံးကို ဒီ Email တစ်ခု တည်းနဲ့ ထိန်းချုပ်သွားတော့မှာပါ။ Email အကောင့်ထဲ ၀င်လိုက် ပြီးရင်တော့ Services တွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပါပြီ။ ထိန်းချုပ်ရလွယ်တာပေါ့။ ကဲ့ ... google account ကို ဘယ်လိုသုံးကြမလဲ။
အဓိက သုံးကြတာကတော့ gmail အတွက်ပေါ့။
Google Mail (Gmail)

Google mail (gmail) ကဲ့သို့သော free email တွေ ကြောင့် စာအိတ်တို့၊ တံဆိပ် ခေါင်းတို့ဆိုတာ ရှားပါးပစ္စည်း ဖြစ်သွားပါပြီ။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ရောက်နေသည် ဖြစ်စေ၊ gamil account ကို အသုံးပြုပြီး အင်တာနက်ချိတ် ထားတဲ့ ကွန်ပျူတာကနေ စာတွေပေးပို့လို့ရသလို ကိုယ့် ဆီဝင်လာတဲ့ စာတွေကိုလည်း ဖတ်ရှု(စစ်)လို့ ရနေပါပြီ။
Google Talk (Gtalk)
Google Talk (Gtalk) ထပ်ရတယ်။ အကောင့်ထပ် လုပ်စရာမလိုပါဘူး။ Chatting ရမယ် အသံနဲ့ပြောလို့ရမယ် WebCam နဲ့ Chat လို့ရမယ်။ Offline Message ပေးလို့ ရမယ်။ Offline Message ကို Voice Message ချန်လို့ရမယ်။ bot တွေသုံးပြီး Gorup ချက်လို့ရမယ်။ bot တွေသုံးပြီး Gtalk မှာ တင် English ကနေ Korea၊ Korea ကနေ English စသဖြင့် Dictionary ပေါင်း သုံးဆယ်ကျော်သုံးလို့ရမယ်။ အဲဒီအထဲမှာ en2mm ပါရှိပါတယ်။ English ကနေ မြန်မာ Dictionary ပါ။ Zawgyi-One Fonts ကိုသုံးပါတယ်။ Gtalk ကနေ အခမဲ့ Services တွေသုံးပြီး အချို့နိုင်ငံတွေကို အခမဲ့ မိနစ်ပိုင်း Phone ခေါ်လို့ရမယ်။
Google Reader (Reader)
 
Google Reader (Reader) ကို Gmail ၀င်လိုက်ရင် လည်း အပေါ်ပိုင်းနားမှာ တွေ့နိုင်တယ်။ Click လိုက်ရင် တော့ Browser မှာ NewTab နဲ့ ပေါ်လာမှာပါ။ သူ့ကို သုံးပြီး ကိုယ်ကြိုက်တဲ့ Site တွေကို တစ်ခုခြင်းစီ အမြဲသွား သွားပြီး ဖတ်နေစရာမလိုပဲ Reader ကနေ Website သို့ မဟုတ် Comment လို့ခေါ်တဲ့ မှတ်ချက်တွေကို ရွေးပြီး စိတ်ကြိုက်စောင့်ကြည့်နေရုံပဲ။ Original Site ကို ၀င်ရနှေး နေရင် ၀င်မရရင်တောင် Reader ကနေတစ်ဆင့် ဖတ်နိုင် တယ်။ Feed နဲ့ဖတ်တယ်လို့ ခေါ်ပါတယ်။
Google Document (DOC)
Google Document (DOC) ကို သုံးပြီး Gmail ကနေပို့တဲ့ဖိုင်တွေ၊ Upload လုပ်ပြီး Online ကနေ Attach လုပ်ပြီးပို့ရမယ့် Microsoft Word ရဲ့ doc ဖိုင်တွေ၊ Excel ရဲ့ xls ဖိုင်၊ PowerPoint ရဲ့ ppt ဖိုင်တွေစသဖြင့် Office ဖိုင်တွေကို Online မှာ သိမ်းဆည်းမယ်၊ ဒါမှမဟုတ် Edit လုပ်မယ်ဆိုရင် Google အကောင့်တစ်ခုရှိရုံနဲ့ သုံးလို့ရတဲ့ Services ပါပဲ။ zoho က Doc က ပိုမိုကောင်းမွန်တယ်လို့ ပြောကြပေမယ့် Gmail အကောင့် အသုံးပြုနေချိန်မှာ တန်း ပြီး အသုံးပြုလို့ရနေတဲ့ Google Doc ကို အကောင့် အသစ် ထပ်ဖွင့်ပြီး Sign in ထပ်လုပ်ရမယ့် zoho က ယှဉ်လို့ မရနိုင် ပါဘူး။
Google Calendar (Calendar)
Google Calendar (Calendar) ကို အသုံးပြုပြီး ကိုယ်လုပ်ရမဲ့ အချိန်စာရင်းတွေ ပြုလုပ်ဆဲ Event တွေ ပြုစုတာတို့ Event ကို အသုံးပြုပြီး Alert လုပ်တာတို့ birthday အချိန်ကိုက် Mail ပို့တာတို့ လုပ်ဆောင်နိုင်မှာပါ။
Picasa Web Album
Google ရဲ့ ဒီ Web Album ကို အသုံးပြုပြီး မိမိတို့ မိသားစုပုံတွေ Blog တွေ Web တွေမှာ အသုံးပြုမဲ့ပုံတွေကို တင်ထားနိုင်ပါတယ်။  Presentation အနေနဲ့ကော Viewer ကိုကော အသုံးပြုနိုင်သလို Permission ခွဲထား ခြင်းအားဖြင့် အပြင်လူ မကြည့် စေချင်တဲ့ Photo တွေကို Hidden လုပ်ထားနိုင်ပါတယ်။ မြန်မာပြည်က လူတွေ ကတော့ Rockyou တို့ဘာတို့လဲ သုံးကြပါတယ်။၊ Rockyou ကတော့ Flash Presentation ကော Music ကောပါလို့ ပို ကောင်းပါတယ်။
Bookmark (Google)
Bookmark (Google Bookmark) မသုံးရသေးစဉ် က IE တွေ Mozilla Firefox တွေမှာပါတဲ့ Bookmark သုံးဖူးကြမှာပါ။ Webpages တစ်ခုကို သဘောကျလို့ လိပ်စာမှတ်ထားမယ်ဆိုရင် Mozilla Firefox မှာဆိုရင် Ctrl+D နှိပ်ရတယ်လေ။ အဲဒီ Webpages Address ကို Mozilla Firefox မှာ မှတ်ထားပေးမှာပါ။ ဒါပေမယ့် ကိုယ်ပိုင် Computer မှာ သုံးတာမဟုတ်ပဲ Internet Café တို့ Office တို့မှာ သုံးရင် စက်ပြောင်းလိုက်တာနဲ့ မှတ်ထားတာတွေ ဘယ်လိုမှ သုံးလို့မရတော့ပါဘူး။
  နောက် ကိုယ်မှတ်ထားတာတွေကိုလဲ မှတ်ထား တဲ့ Computer မှာ ၀င်ထိုင်တဲ့ ဘယ်သူမဆို မြင်နေရမှာပါ။ အဲတာတွေကို အဆင်ပြေစေမယ် Portable Browser တွေ ပေါ်လာပေမယ့် Software ထည့်ထားတဲ့ USB Stick လေး ကျန်ခဲ့ရင်လဲ ဘာမှသုံးလို့ မရတော့ပြန်ပါဘူး။ အဲနောက် ပိုင်းမှာ http://delicious.com/ လို online Bookmarking တွေ ပေါ်လာပါတယ်။ အကောင့်တစ်ခုလုပ်ပြီး Login ၀င် ပြီးရင် ဘယ်နေရာ ဘယ်စက်ကမဆို အသစ်မှတ်တာပဲ ဖြစ်ဖြစ် မှတ်ထားတဲ့လိပ်စာတွေကို ပြန်ယူသုံးတာပဲဖြစ်ဖြစ် သုံးနိုင်ပါတယ်။
မြန်မာပြည်က Web Developer တွေရေးထားတဲ့ www.hanlin.com ဆိုတဲ့ Bookmarking လည်း ရှိပါတယ်။ google Bookmarks ကတော့ Gmail အကောင့် ၀င်ထား တာနဲ့ www.google.com/bookmarks ဆိုတာနဲ့ တန်းသုံး လို့ ရနေပါပြီ။ မှတ်ဖို့ကော ပြန်ပြီး အသုံးပြုဖို့ကောပေါ့။
Site (Google Site)
Site (Google Site) ကို အသုံးပြုပြီး Website တစ်ခုတည်ဆောက်လို့ ရပါတယ်။ Google ရဲ့ အကောင့် တစ်ခု ရှိရင်ရနေပါပြီ။ Gmail ကို  Signin လုပ်ပြီး http://sites.google.com ဆိုပြီး Addessbar မှာ ရိုက်ပြီးတာနဲ့ ကိုယ်ပိုင် Website တစ်ခု အခမဲ့ Services ပေးဖို့ Google က စာဖတ်သူကို စောင့်ကြိုနေပါတယ်။
Blogger (Google Blogger)
Blogger (Google Blogger) ဆိုတာကိုတော့ အကုန်လုံးသိပြီးသားပါပဲ။ http://www.blogger.com မှာ http://yourname.blogspot.com ဆိုတဲ့ blog တစ်ခုကို စာဖတ်သူအနေနဲ့ အလွယ်တကူလုပ်ယူနိုင်ပါတယ်။ Blog မှာ Template လို့ခေါ်တဲ့ Design တွေ အပြင်အဆင်တွေ မပြောင်းလဲဘူးဆိုရင်တော့ Microsoft Word မှာ စာရိုက် တတ်ရင် Blog ရေးလို့ရပါပြီ။ HTML တွေ CSS တွေ နားလည်ရင်တော့ Design ပိုင်းကိုပါ စိတ်ကြိုက်ပြင်ဆင် နိုင်တာပေါ့ဗျာ။
Web History
Web History ကို အသုံးပြုပြီး Gmail ဒါမှမဟုတ် Google Services တစ်ခုခုသုံးထားတဲ့ အချိန်မှာ ဘယ် Websit တွေကို ဘယ်စကားလုံးတွေ သုံးပြီး Google Search မှာ ရှာသွားခဲ့တယ်ဆိုတာကို ပြန်ကြည့်နိုင်ပါ တယ်ဗျာ။
ဒါတွေကတော့ Google ကနေပေးတဲ့ Services တွေပါပဲ။ One Stop Services လို့တောင် ခေါ်လို့ ရနေ ပါတယ်။



အခြားအခြားသော Services တွေကို စုစည်းပြီး Account တစ်ခုတည်းနဲ့ ၀င်ရောက်အသုံးပြုနိုင်ဖို့ လုပ်တဲ့ Project တစ်ခု ရှိပါတယ်။ Open ID လို့ခေါ်ပါတယ်။ သူ့အကောင့်တစ်ခုထည်းမှာ စုစည်းထားလို့ရတဲ့ နာမည် ကြီး Services တွေကတော့ - AOL, Blogger (Google), chi.mp, claimed, Flickr, Google, Hyves, livejournal, openid.net,  MyOpenid,  myspace, Orange, VeriSign, Yahoo, yiid စတာတွေ ပါဝင်ပါတယ်။

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!