Google desktop ရဲ့စွမ်းဆောင်ချက်၁၀

ဇင်မင်းထွန်း(အမရပူရ) | 8:48 PM |

Google desktop ဟာ အလွန်လှပတဲ့ ဖွဲ့စည်းမှုတွေနဲ့ ပြက္ခဒိန်၊ နာရီတွေနဲ့ တခြားကောင်းမွန်တဲ့ widget လေးတွေကို ရှာဖွေပြီး ပေါင်းထည့်ထားလို့ ရတဲ့အတွက် screen မှာ မျက်စိပသာဒ အလွန်ဖြစ်စေပါတယ်။ http://desktop.google.com ကနေ အလွယ်တကူ download ရယူနိုင်ပါတယ်။ google desktop မှာရှိတဲ့ features တွေထဲကအလွန် အသုံးဝင်တဲ့ လုပ်ဆောင်ချက် ကလေးတွေ အများအပြား ရှိပါတယ်။
  1. တကယ်လို့ program တစ်ခုကို လိုချင်ပြီဆိုတဲ့အခါမှာ အရင်ကလို start Menu > program > …စသည်ဖြင့် ဝေးဝေးလံလံ သွားနေစရာ မလိုတော့ပါ။ gdk လို့ခေါ်တဲ့ google desktop ရဲ့ search box မှာ အတိုကောက်စာလုံး ရိုက်ထည့်လိုက်တာနဲ့ search ရဲ့ သဘောတရားအတိုင်း ရှာဖွေပေးပြီး Enter ခေါက်သွားလို့ ရနိုင်ပါမယ်။
  2. Mouse settings တွေနဲ့ network setting တွေကို ပြောင်းလဲစီစဉ်ချင်ရင် box ထဲမှာ ‘mouse’ ဒါမှမဟုတ် ‘network’ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်တာနဲ့ control panel မဟုတ်ဘဲ configuration tool ကို တန်းပြီး ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။
  3. adress bar ဟာ ကိုယ့်ရဲ့ PC ထဲမှာ ရှိတဲ့ file တွေနဲ့ folder တွေကို ဖွင့်လှစ်ဖို့ အသုံးဝင်ပါတယ်။ ဖိုင်နာမည် သိထားဖို့ပဲ လိုတော့တာပေါ့။
  4. တကယ်လို့ browser ကို သုံးစွဲခဲ့ပြီး လွန်ခဲ့တဲ့ တစ်ပတ် ဒါမှမဟုတ် အဲဒီထက် ပိုပြီး history ကို မှတ်သားထားချင်ရင်လည်းဖြစ်ပါတယ်။ google desktop ကသိမ်းဆည်းမှတ်သားပေးထားမှာ ဖြစ်ပြီး အဲဒီ history ထဲကနေ webpage တွေကို ပြန်လည် ဖွေရှာပေးနိုင်မှာ ဖြစ်ပါတယ်။
  5. Google ရဲ့ Desktop ဟာ သင်ရှာဖွေ စူးစမ်းတဲ့ page မှန်သမျှကို မှတ်သားပေးထားမှာ ဖြစ်ပါတယ်။ တကယ်လို့ အများကြီး လိုချင်ရင်တော့ cache ပမာဏကို တိုးမြှင့် ပေးထားရမှာ ဖြစ်ပါတယ်။ အဲဒီမှတ်သားထားတဲ့ page ဟာ မူရင်း website ကနေ မပြောင်းမလဲချင်းကို အရွယ်အစား နေ့ရက် အချိန် ရက်စွဲတွေနဲ့ကို မှတ်သားပေးထားမှာ ဖြစ်ပါတယ်။
  6. တကယ်လို့ document တစ်ခုကို မှားယွင်းပြီး ဖျက်မိတယ် ဆိုပါတော့၊ google desktop က သူ့ကို cache ထဲမှာ သိမ်းဆည်းပေးထားတဲ့ ပြန်လည်ပြီး recovery လုပ်လို့ ရနိုင်ပါတယ်။ အတိုင်းအတာ တစ်ခုအထိ ပြန်ပြီး file recovery ရတယ်။
  7. Test file, office document, html file စတာတွေ အားလုံးကို တကယ်လို့ ဆော့ဝဲဟာ အလိုအလျှောက် update လုပ်ပြီး version မြှင့်သွားတဲ့ အခါမှာ ရုတ်တရက် ဖွင့်မရ သုံးမရ မဖြစ်ရလေအောင် google desktop က ကူညီပေးပါတယ်။
  8. recent documents ဆိုတဲ့ ကာလတို တစ်ခုအတွင်း လုပ်ဆောင်နေဆဲ အလုပ်တွေအားလုံးကို အလွယ်တကူ ပြန်ခေါ်ယူ ရနိုင်သလို အလိုအလျှောက်လည်း modified ပြုလုပ်ပေးနိုင်ပါတယ်။
  9. Office file တွေအတွက် google desktop ဟာ pdf viewer တစ်ခုဖြစ်ပါတယ်။ pdf,doc,xis,ppt စတဲ့ extension တွေနဲ့ ဖွဲ့စည်းထားတဲ့ ebook နဲ့ တခြား document တွေကို ကြည့်ရှုဖို့အတွက် user ဟာ microsoft office နဲ့ adobe reader ရှိဖို့ အလိုအပ်ပါဘူး။ google desktop ဟာ ‘text’ တွေကို ကောင်းကောင်း ဖော်ပြပေးနိုင်ပါတယ်။
  10. Internet နှေးကွေးနေတဲ့ အခါမှာ Gmail ကလည်း ပိုပြီး ဆိုးရွားစွာ နှေးကွေးနေမှာပေါ့။ အဲဒီအတွက်စိတ်ပျက်ပြီး desktop client တစ်ခုကို သုံးဖို့ မလိုအပ်ပါဘူး။ google desktop ကနေ ကူညီ ပေးနိုင် ပါတယ်။ google desktop index မှာ Gmail ကို နေရာ ချထားလို့ ရပါတယ်။ဒါကြောင့် offline ဖြစ်နေတဲ့ အချိန်မှာတောင် google desktop ကနေတစ်ဆင့် Gmail ထဲက စာတွေကို ဖတ်ရှုလို့ ရပါတယ်။ အဲဒီအတွက် ‘mail’ နဲ့ အတူပါလာမယ့် attachment ဖိုင်တွေကို PC ပေါ်ကို download လုပ်ဖို့ ကို google က မစီစဉ်ပါဘူး။ အဲဒီလို ခွင့်ပြု မပေးတာကြောင့် အန္တရာယ်ရှိတဲ့ file တွေရဲ့ ရန်က ကာကွယ်ပြီးသား ဖြစ်သွားတဲ့ အတွက် ကောင်းမွန်တဲ့ function တစ်ခု ဖြစ်ပါတယ်။

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!