ဓါတ်ပုံပြပြီး ရှာကြည့်မယ်

ဇင်မင်းထွန်း(အမရပူရ) | 11:36 AM |

Google ကကျနော်တို့ကို ပေးထားတဲ့ အကောင်းစား ရှာဖွေရေး လုပ်ဆောင်ချက်လေးပါပဲ။ အရင်တုန်းက ကျနော်တို့တွေ ပုံတစ်ပုံကို လိုအပ်လို့ ရှာချင်တဲ့အခါ Browser window ရဲ့ Address Bar ပေါ်မှာ ကိုယ်ရှာချင်တဲ့ပုံရှိရာ ဆိုဒ်လိပ်စာကို ရိုက်ထည့်၊ ဒါမှမဟုတ် Search Box ထဲမှာ ရှာချင်တဲ့ပုံကို စာနဲ့ရိုက်ထည့်ပြီး ရှာခဲ့ကြရပါတယ်။ ( ဥပမာ ... ကားတစ်စင်းလိုချင်တယ် ဆိုကြပါစို့ ... Search Box ထဲမှာ car လို့ ရိုက်ပြီး ရှာခဲ့ကြရတယ်။)


အခုတော့ အဲဒါထက်ပိုကောင်းတဲ့ အကောင်းစား ရှာဖွေရေးစနစ်တစ်ခုကို Google က ကျနော်တို့အတွက် ပေးထားပါပြီ။ ဓါတ်ပုံလေးတစ်ပုံ ပြလိုက်တာနဲ့ မိမိပြလိုက်တဲ့ ဓါတ်ပုံနဲ့ အမျိုးအစားတူတဲ့ အခြားပုံပေါင်းများစွာကို Google က အလိုလို ရှာပေးနိုင်ပါပြီ။

ကဲ ... အခု ကျနော်တို့ စပြီး စမ်းသပ်ရှာဖွေကြည့်ကြရအောင် ... ဒီလိုလေးဗျာ >>>



Browser တစ်ခုကနေ Google ကိုဖွင့်ထားပြီးတဲ့နောက် Menu Bar မှာရှိတဲ့ image ကိုနှိပ်ပါမယ်။





အဲဒီလိုနှိပ်လိုက်တာနဲ့ search box ရဲ့ ညာဖက်ထောင့်လေးမှာ ကင်မရာပုံလေးပါလာတာကို တွေ့ရပါမယ်။ အခုတွေ့နေရတဲ့ ကင်မရာပုံလေးကို နှိပ်လိုက်တဲ့အခါ .... ....






Box တစ်ခုပွင့်ကျလာပါမယ်။ ပွင့်ကျလာတဲ့ Box လေးထဲက Upload an image ဆိုတာလေးကို နှိပ်ပေးလိုက်ရပါမယ်။



ထပ်ပြီးပွင့်ကျလာတဲ့ Box ထဲက Browse ကိုနှိပ်လိုက်တာနဲ့ မိမိကွန်ပျူတာရဲ့ file upload dialog box ကျလာပါမယ်။



ဒါဆိုရင်တော့ မိမိစက်ပေါ်မှာရှိတဲ့ (ဥပမာ ..desktop ပေါ်က) ပုံတစ်ပုံပေါ်ကို တစ်ချက်နှိပ်လိုက်ပြီးနောက် Open ကိုနှိပ်ပေးလိုက်တာနဲ့ အခုမိမိရွေးချယ်ပေးလိုက်တဲ့ ဓါတ်ပုံနဲ့ အမျိုးအစားတူတဲ့ နောက်ထပ် ဓါတ်ပုံပေါင်းများစွာကို google ကရှာပေးပါလိမ့်မယ်။

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!