GOOGLE CHROME BROWSER က မြန်မာစာ မမှန်တဲ့ ပြဿနာ (VERSION 33.0.1750.112 BETA)

ဇင်မင်းထွန်း(အမရပူရ) | 11:59 PM |



 Google Chrome Browser က ခုနောက်ဆုံး Update ဖြစ်တဲ့ ဗားရှင်း 33.0.1750.112 Beta မှာ အရင် Version တွေတုန်းကလို မြန်မာစာတွေ မမှန်တော့တာ တွေ့ရပါတယ် .... Beta Version မို့လားတော့ မသိပါဘူး နောက်ထပ် Update ထွက်လာရင်တော့ အဆင်ပြေတန်ကောင်းပါရဲ့ :D
 
 အရင်ကဆိုရင် Browsre Setting ကတဆင့် Customize font  မှာ Zawgyi One ကို ချိန်းပေးပြီး ကိုစေတန်ဂေါ့ ရဲ့တန်ခူး Add on လေး ထည့်ပေးလိုက်ရုံနဲ့ အဆင်ပြေသွားစေတာပါ ... ဒီနေ့ Facebook က ညီလေး နှစ်ယောက် အကူညီတောင်းလာတာနဲ့ ကိုယ်တိုင် စမ်းကြည့်တော့ သူတို့ပြောတဲ့ အတိုင်းပါပဲ စာလုံးတွေက ထပ်နေပြီး မမှန်တော့ပါဘူး ... 
 
 
 
ဒီပြဿနာအတွက် လောလောဆယ် အဆင်ပြေနိုင်ဖို့ ဒီပို့စ်လေးကို တင်ပေးရခြင်းပါ.. နောက်ဆိုရင် ကိုစေတန်ဂေါ့ ရဲ့ တန်ခူး Add On လေး Update လုပ်လိုက်ရင်တော့ အဆင်ပြေလာနိုင်စရာရှိပါတယ်...

 Chrome Browser မှာ မြန်မာစာတွေ မမှန်ဘူး ဖြစ်နေလို့ အရင်အတိုင်း ပြန်သုံးချင်တယ်ဆိုရင်တော့ အရင် Version အဟောင်းလေးကိုပဲ ပြန်သုံးလိုက်ပါ...

လက်ရှိ မြန်မာစာ မမှန်တဲ့ Chrome Browser ကို Uninstall လုပ်ပစ်ပါ...
ပြီးမှ အောက်မှာတင်ပေးထားတဲ့  Chrome Version 25.0.1364.152  ကို ဒေါင်းယူ Install လုပ်ပေးလိုက်ပါ...
 
မြန်မာစာ အတွက်ကိုတော့ အရင် လုပ်နေကျအတိုင်း Setting ကတဆင့် Customize font > Zawgyi One ကို ချိန်းပေးပြီး  Web Page မှာ မြန်မာစာတွေ ဖတ်မရတာမျိုးကို  ကိုစေတန်ဂေါ့  ရေးထားတဲ့   ဒီ Add On လေးကို Add To Chrome  လုပ်ပေးလိုက်ပါ ...။ အခြား မြန်မာစာတွေ မမှန်တာတွေကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။။
 
Google Chrome အလိုလျောက် Update လုပ်ခြင်းကို လိုအပ်လို့ ပိတ်ထားချင်တယ်ဆိုရင်တော့ ဒီနေရာက အတိုင်း ပိတ်ထားနိုင်ပါတယ်..။
 
 
 
 
 
 

Category:

About GalleryBloggerTemplates.com:
GalleryBloggerTemplates.com is Free Blogger Templates Gallery. We provide Blogger templates for free. You can find about tutorials, blogger hacks, SEO optimization, tips and tricks here!