ခုနှစ်ရက်သားသမီးများအတွက် (၂၃.၇.၁၂) မှ ( ၂၉.၇.၁၂) ထိတပတ် စာဗေဒင်ဟောစာတမ်း

horoscope
 
31
 
5
 
မဲပေးပါ

ဆရာကြီးမင်းသိင်္ခ၏တပည့်  ဗေဒင်ပညာရှင်ဒေါ်ဆွေဇင်ဝတီ
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ
အိုးသစ်အိမ်သစ်နေရာသစ်ပြောင်းေ ရွ့ရတတ်သည်။ မိမိအိမ်ပြင်ဆင်ခြင်းများ၊ အခန်းပြုပြင်ပြောင်းခြင်းများပြုလုပ်ရတတ်သည်။ အိုးပိုင်အိမ်ပိုင် ရတတ်သည်။
မြေထွက်ခြင်း၊ ကွန်ပြူတာထွက်ခြင်းဖြစ်တတ်သည်။ လုပ်ငန်းသစ်လုပ်ရန်ဖြစ်တတ်သည်။
မလုပ်ပါနှင့်၊ မအောင်မြင်သေးပါ။  စက်ပစ္စည်းများထွက်ပြီး အသစ်များဝင်မည်။ ရပ်ဝေးမှနာရေးသတင်းကြားရတတ်သည်။ သောကနှင့်ယှဉ်သောခရီးသွားရတတ်သည်။
ငွေများ ကုန်နေမည်။ ဘာသာရေးမိမိနိုင်သလောက်လုပ်ပါ။
ကျန်းမာရေး။ ဆေးစားမှားခြင်း၊ ဆေးထိုးမှားခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူနဲ့ အဆင်မပြေဖြစ်နေတတ်သည်။ မိန်းကလေး ဖြစ်လျှင်
ရပ်ဝေး မြေခြား မှ ယောင်္ကျားလေး Facebook တွင် ချစ်သူ အဖြစ် လက်မခံ ပါ နှင့်
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသမှဘုရားသခင်အားအုန်းသီးစိတ် ( ၆)
စိတ်ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၁ ၆ ၅ ၃)
တနင်္လာသားသမီးများ၏ကံကြမ္မာ
စက်ပစ္စည်းများဝင်ခြင်း၊ စိန်ပစ္စည်းများဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ နိုင်ငံခြား
ခရီးသွားရခြင်း၊ အသွားအပြန်ကိန်းရှိသည်။ မိတ်ဆွေများ အတွက်စိတ်ကရောက်ရတတ်ခြင်း၊
လမ်းခွဲရခြင်းဖြစ်တတ်သည်။ လူလိမ်ခံရခြင်း၊ မြေထွက်ခြင်း၊ ငွေများစွာကုန်နေခြင်း၊ အလုပ်တွင်
စိတ်တိုင်မကျခြင်း များဖြစ်နေမည်။ စနေနံပစ္စည်များထွက်နေတတ်သည်။ ထီမထိုးပါနှင့်၊
ထီပေါက်ပါကမိမိ မိသားစုတွင်သက်ကြီးသူဆုံးပါးတတ်သည်။
ကျန်းမာရေး။ အရေပြားတွင် အဖုအပိန့်ပေါက်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူအသစ်စက်စက်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ဇီးသီးကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၃ ၁ ၀ ၃ )
အင်္ဂါသားသမီးများ၏ကံကြမ္မာ
စီးပွားအလွန်တက်နေမည်။ အလှူအတန်းလုပ်ရန်မမေ့ပါနှင့်။ အပျော်အပါးသတိထားပါ။
အပျော်အပါးကြောင့်စီးပွားပျက်တတ်သည်။ အလုပ်တွင်လက်အောက် ငယ်သားကြောင့်
စိတ်ညစ်စရာဖြစ်ခြင်း၊ လက်အောက်ငယ်သားထွက်ပြေးခြင်းဖြစ်တတ်သည်။
စက်ပစ္စည်းတွေထွက်ခြင်း၊ ခရီးသွားရတတ်သည်။ အပျော်ခရီးဖြစ် တတ်ခြင်း၊ နိုင်ငံရပ်ခြား
ခရီးဖြစ်တတ်ခြင်းဖြစ်တတ်သည်။ လူမျိုးခြားမျုား၏ကူညီမှုရခြင်းဖြစ်မည်။
ကျန်းမာရေး။ ဗိုက်အောင့်ခြင်း၊ အပူလောင်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းပွင့်နေသည်။ အစစအရာရာစိတ်ချမ်းသာနေရမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား နန်ကထိုင်မုန့်ကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၂ ၇ ၇ ၄ )
ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ
စိတ်တိုင်းမကျခြင်း၊ စိတ်ပင်ပမ်းလူပင်ပမ်းခြင်းဖြစ်နေမည်။ နိုင်ငံခြားများနှင့်ပတ်သက်သော
လုပ်ငန်းများအဆက်မပြတ်လုပ်ကိုင်နေရမည်။ ခရီးသွားခြင်းများလည်းမကြာခဏဖြစ်နေမည်။
ရွှေပြင်ဆင်ခြင်း၊ ရွှေထွက်ခြင်းဖြစ်နေမည်။ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း၊ ဖုန်းအသစ်
ဝင်ခြင်းဖြစ်နေမည်။ စက်ပစ္စည်းများထွက် နေတတ်သည်။ အလုပ်တွင်ထင်သလိုမဖြစ်သေးသော
အချိန်ဖြစ်နေသည်။ သည်းခံပြီးသတိနှင့်နေပါ။ အမှားအယွင်းများဖြစ်တတ်သည်။
ကျန်းမာရေး။ သွေးပေါင်ကျခြင်း၊ လေထိုးလေအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ ချစ်သူရည်းစားနှင့်စကားများနေတတ်သည်။ အေးအေးဆေးဆေးဆွေးနွေးပါ။
အဆင်ပြေသွားမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား မုန့်ဖက်ထုပ်
ကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၀ ၀ ၅ ၄ ၀)
ကြာသပတေးသားသမီးများ၏ကံကြမ္မာ
အလုပ်အကိုင်များနေသလိုစီးပွားရေးကောင်းနေမည်။ ဆွေမျိုးသားချင်း၊ ညီအကိုမောင်ညီမများ
ကိစ္စများပိုပြီး လုပ်ကိုင်ပေးနေရမည်။ နားရသည်မရှိအောင် အလုပ်အကိုင်များနေမည်။ လက်အောက်ငယ်သားရောက်လာခြင်း၊ ရွှေလက်ကောက်ဝင်ခြင်း၊မြေ၀င်ခြင်း၊ ကွန်ပြူတာ
ဝင်ခြင်းဖြစ်တတ်သည်။ ဆိုင်ကယ် ထွက်ခြင်း၊ ဆိုင်ခန်းထွက်ခြင်းဖြစ်နေမည်။ အလုပ်တွင်
အတိုက်အခံတွေရတတ်သည်။ သည်းခံပြီးနေပါ။
ကျန်းမာရေး။ သွေးထွက်သံယိုဖြစ်ခြင်း၊ ဆီးအောင့်ခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စိတ်မ၀င်စားနိုင်အောင်အလုပ်များနေမည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၇ ၇ ၅ ၀)
သောကြာသားသမီးများ၏ကံကြမ္မာ
အလှအပပစ္စည်းများဝင်ခြင်း၊ လက်ဆောင်ရခြင်းများဆက်တိုက်ဖြစ်နေမည်။ ရွှေလက်စွပ်၊
စိန်လက်စွပ်ဝင်ခြင်းဖြစ်မည်။ ကားဝင်ခြင်း၊ ကားအဟောင်း မှအသစ်ပြောင်းရခြင်း၊ ပျော်ရွှင်သော
ခရီးထွက်ဖြစ်အောင်ထွက်ပါ။ ခရီးထွက်ပြီးသော်စီးပွားပိုကောင်းမည်။ အလုပ်တွင်လစာတိုးခြင်း၊
ဝင်ငွေတိုးခြင်းဖြစ် မည်။ အပိုဝင်ငွေရတတ်သည်။ စာချုပ်စာတမ်းသတိထားပါ။ စာရင်း
အင်းမှားပြီးငွေနှင့်ဖြေရှင်းရတတ်သည်။ အလုပ်တွင်သေချာစွာလုပ်ကိုင်ပါ။
ကျန်းမာရေး။ ဆိုင်ကယ်ကြောင့်သွေးထွက်ခြင်း၊ ကွဲပြဲပြီးချုပ်ရခြင်းဖြစ်တတ်သည်။
အချစ်ရေး။ စန်းအားကောင်းနေသည်။ မမှားစေရန်စိတ်ကြိုက်ရွေးချယ်ပါ။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကော်ရည်ခေါက်ဆွဲကပ်
လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၄ ၂ ၂ ၁)
စနေသားသမီးများ၏ကံကြမ္မာ
ရေခြားမြေခြားပင်လယ်ရပ်ခြားခရီးသွားရတတ်သည်။ မိဘများကိုပိုပြီးကျွေးမွေးပြုစုနိုင်သော
အချိန်ဖြစ်နေသည်။ စီးပွားရေးတိုးတက်ကောင်းမွန်နေသည် သို့သော်အလုပ်တွင်သတိထားပါ။
ခိုက်ရန်ဖြစ်ပွားပြီး အလုပ်အကိုင်ပြောင်းရွေ့ရခြင်း၊ နေရာပြောင်းရွေ့ရခြင်းဖြစ်တတ်သည်။
ခင်မင်သောမိတ်ဆွေများနှင့် လမ်းခွဲရတတ်သည်။ ဆိုင်ကယ်ဝင်တတ်သည်။ ၀ယ်ရန်စဉ်းစားနေသူများဝယ်ပါ။ ကောင်းသည်။ အစစအရာရာအောင်မြင်နေမည်။
ကျန်းမာရေး။ အကြောနာခြင်းဖြစ်တတ်သည်။
အချစ်ရေး။  အချစ်ရေးအဆင်ပြေနေမည်။ အချစ်သစ်ရတတ်သည်။
ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။
အကျိုးပေးဂဏန်း ( ၅  ၃ ၁ ၂)
*ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ*
ဗေဒင်ပညာရှင်- ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီ
ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင်၊ ကလန်း
ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး
ဖုန်း – 016 6903 513 , 018 2250 510
E- Mail: swezinwati@gmail.com
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ သင်တန်းတက်ရခြင်း သို့မဟုတ် ဘ၀အတွက်အသုံးဝင်သော ပညာတခုသင်ရခြင်းဖြစ်တတ်သည်။ မမျှော်လင့်ဘဲ လူတဦး၏အကူအညီရမည်။ ခရီးသွားရင်း သူခိုးခိုးခံရတတ်သည်။ အလုပ်တွင်အခက် အခဲတွေ့မည်။ အထက်လူကြီးဆရာသမား၏ ငြိုငြင်ခြင်းခံရတတ်သည်။ အလွန်ခင်မင်သူ တဦးနှင့် အဆင်မပြေဖြစ်ကာ လမ်းခွဲရတတ်သည်။ မျက်စိရောဂါဖြစ်တတ်သည်။ အချစ်ရေးတွင် အစစအရာရာအဆင်ပြေနေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ် လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၃၊ ၀၊ ၀၊ ၄) တနင်္လာသားသမီးများ၏ကံကြမ္မာ မကြာခင်ရက်အတွင်း ငွေအစုလိုက်အပုံလိုက်ဝင်မည်။ အိုးပိုင်၊ အိမ်ပိုင်ရမည်။ ရေလမ်းခရီးသွားရတတ်သည်။ မိတ်ဆွေနှင့်ပတ်သက်ပြီးစိတ်ညစ်စရာကြုံတွေ့ရတတ်သည်။ သမီးရှိသော် သမီးအိမ်မှထွက်သွားတတ်သည်။ သတိထားကြည့်ရှုစောင့်ရှောက်ပါ။ စီးပွားရေးနောက်တမျိုးလုပ်ရန်ပေါ်လာမည်။ လုပ်ပါအောင်မြင်မည်။ ရင်ဘတ်အောင့်နေမည်။ အချစ်ရေးတွင် နောက်တယောက်ကိုပြောင်းရင်ကောင်းမလား စဉ်းစားနေတတ်သည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်ထောပတ်သုပ်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၉၊ ၂၊ ၂၊ ၅) အင်္ဂါသားသမီးများ၏ကံကြမ္မာ အလှူအတန်းတခုလုပ်ဖြစ်မည်။ အလှူလုပ်ပြီးသော်ငွေအလုံးအရင်းနှင့်ဝင်မည်။ အစိုးရ၏ချီးမြှောက်ခြင်းခံရမည်။ မသွားတော့ဘူးလိုလိုနှင့်ခရီးသွားရတတ်သည်။အဆင်မပြေတာများ အဆင်ပြေတော့မည်။ အလုပ်တွင်စကား များခြင်းဖြစ်တတ်သည်။ နေရာပြောင်းရခြင်း၊ အခန်းပြောင်းရခြင်း၊ အိမ်ပြုပြင်ရခြင်းဖြစ်တတ်သည်။ လေထိုးလေအောင့်ဖြစ်တတ်သည်။ အချစ်ရေးတွင်အဆင်ပြေမည်။ မိမိဘက်မှမှန်ကန်ဖို့အရေးကြီးသည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နွားနို့ (၂ ) ခွက်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၀၊ ၀၊ ၈၊ ၁) ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ နိုင်ငံခြားနှင့်ပတ်သက်သော ကိစ္စများပေါ်မည်။ အောင်မြင်မည်။ စိတ်ချမ်းသာမှုများ၊ တိုးတက်မှုများ တခုပြီး တခုဖြစ်တော့မည်။ မိမိကြံစည်ထားသောအကြံအစည်များအားလုံးအဆင်ပြေမည်။ ထီပေါက်ကိန်းရှိသည်။ သို့သော်ထီမထိုးပါနှင့် ထီပေါက်သော် မိမိကျန်းမာရေးညံ့တတ်သည်။ လုပ်ငန်းတွင်စာချုပ်စာတမ်းသတိထားပါ။ စာရင်းအင်းမှားတတ်သည်။ အချစ်ရေးတွင်စိတ်ချမ်းသာမှု၊ စိတ်ကျေနပ်စရာများဖြစ်နေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲလမုန့်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၂၊ ၂၊ ၃၊ ၀ ) ကြာသပတေးသားသမီးများ၏ကံကြမ္မာ စက်ပစ္စည်းဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်း၊ စိန်ပစ္စည်းဝင်ခြင်းဖြစ်လိမ့်မည်။ အလုပ်တွင် နာမည်ကောင်းရမည်။ လာဘ်ရွှင်မည်။ လက်အောက်ငယ်သားများထံမှ အကူအညီကောင်းရမည်။ ငွေလူလိမ်ခံရတတ်သည်။ ဘာသာရေးနှင့်ပတ်သက်သောဓါတ်ပုံများရောက်လာတတ်သည်။ ကောင်း၏။ မိဘများကျန်းမာ ရေးညံ့နေတတ်သည်။ ဆိုးဆိုးဝါးဝါးမဟုတ်ပါ။ မိမိကိုယ်တိုင် ခေါင်းကိုက်ခြင်း၊ အကြောနာခြင်းဖြစ်နေမည်။ အချစ်ရေးတွင်မိမိတောင်းခံထားသောချစ်သူထံမှမိမိကို လက်ခံကြောင်းသတင်းကောင်းကြားရမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား စမူဆာကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၅၊ ၉၊ ၅၊ ၁ ) သောကြာသားသမီးများ၏ကံကြမ္မာ ကောင်းသောပြောင်းလဲခြင်းများနှင့်ကြုံရတတ်သည်။ ဗုဒ္ဓဟူးနံနှင့်ပတ်သက်ပြီး စိတ်ညစ်စရာဖြစ်တတ်သည်။ ငွေဝင်မည်။ ငွေကုန်များနေမည်။ ညီအကိုမောင်နှစ်မအတွက်စိတ်ပူပင်သောကရောက်နေတတ်သည်။ ဖုန်းထွက်ခြင်း၊ ပျက်ခြင်းဖြစ်နေမည်။ ထူးခြားသောဓါတ်ပုံရောက်လာတတ်သည်။ အလုပ်တွင်ရာထူးတက်ခြင်း၊ လစာတိုးခြင်း၊ စီးပွားတက်ခြင်းများဖြစ်မည်။ မျက်စိနှင့်ပတ်သက်ပြီးငွေကုန်ရတတ်သည်။ ခေါင်းတခြမ်းကိုက်ခြင်း၊ ခါးနာခြင်းဖြစ်နေမည်။ အချစ်ရေးတွင် မိမိချစ်သောသူနှင့်စိတ်တူကိုယ်တူဖြစ်နေသောကြောင့်စိတ်ချမ်းသာနေမည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ဘဲသားမုန့်ကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၈၊ ၄၊ ၇၊ ၄ ) စနေသားသမီးများ၏ကံကြမ္မာ အလှူလုပ်ရခြင်း၊ မင်္ဂလာဆောင်ရခြင်းဖြစ်တတ်သည်။ ငွေရေးကြေးရေးအလွန်အဆင်ပြေနေမည်။ မိဘကိုကောင်းစွာလုပ်ကျွေးနိုင်သောအချိန်ဖြစ်သည်။ မြေ၀င်ခြင်း၊ စက်ပစ္စည်းဝင်ခြင်း၊ အိမ်ပိုင်ရခြင်းများဖြစ်နေမည်။ ပညာတခုရတတ်သည်။ ပြည်ပခရီးသွားရတတ်သည်။ အလုပ်ပြောင်းရန်အကြောင်းဖြစ်တတ် သည်။ ကောင်းသည်။ အမှုအခင်းဖြစ်တတ်သည်။ သတိထားပါ။ နားနှင့်ပတ်သက်သောရောဂါဖြစ်ခြင်း၊ နားအူခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်ကြားလူတဦးဝင်ရောက်နှောင့်ယှက်နေလိမ့်မည်။ ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပဲပေါက်စီကပ်လှူဆုတောင်းပါ။ အကျိုးပေးဂဏန်း ( ၉၊ ၃၊ ၃၊ ၄ ) *ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ* ဗေဒင်ပညာရှင် ဆွေဇင်ဝတီ ( ဆရာကြီးမင်းသိင်္ခ၏တပည့်) ဟောချိန်- နံနက် ၁၀း၀၀ နာရီ မှ ညနေ ၅း၀၀ နာရီထိ ဟောခန်း- နန်းထိုက်ပဒုမ္မာစားသောက်ဆိုင် (ကလန်းကားဂိတ် နှင့် Mydin Supermarket အနီး) ဖုန်း- +6016 690 3513 ၊ + 6012 9133 093 E-mail:swezinwati@gmail.com
တနင်္ဂနွေသားသမီးများ၏ကံကြမ္မာ

ရွှေဝင်ခြင်း၊ လက်ကောက်ဝင်ခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ မြေ၀င်ခြင်း ဖြစ်တတ်သည်။ စန်းပွင့်ခြင်း၊ စုတ်၊
လာဘ်ဝင်ခြင်း၊ ပျော်ရွှင်သောခရီး သွားရခြင်း၊ အခန်းပြောင်းရခြင်း၊ အလုပ်ပြောင်းရခြင်း၊ ကောင်းသောပြောင်းခြင်း
ဖြစ်မည်။ အပျော်အပါးသတိထားပါ။ စီးပွားရေးကောင်းသောအချိန်ဖြစ်ေ
နသည်။ သူခိုးခိုးခံရတတ်သည်။ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။ အစားမှားတတ်သည်။ ကားဝင်ခြင်း၊ အလုပ်တွင်
လစာတိုးခြင်း၊ အပိုဝင်ငွေရခြင်းဖြစ်တတ်သည်။ အချစ်ရေးတွင်စန်းအားကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှဘုရားသခင်အား ကြံရည်ကပ်လှူဆုတောင်းပါ။

အကျိုးပေးသောဂဏန်း ( ၄၊ ၀၊ ၂၊ ၅ )

တနင်္လာသားသမီးများ၏ကံကြမ္မာ

မိတ်ဆွေသစ်ရခြင်း၊ စက်ပစ္စည်းသစ်များဝင်ခြင်း၊ ရပ်ဝေးခရီးသွားရခြင်း၊ မိမိမရောက်ဖူးသော ဒေသစိမ်းသို့သွား
ရတတ်ခြင်း၊ အိုးသစ်အိမ်သစ်ပြောင်းရခြင်းဖြစ်တတ်သည်။စီးပွားရေးတိုးတက်ခြင်း၊ မိဘကိုပို၍ကျေးဇူးဆပ်ရသော
အချိန်ဖြစ်နေသည်။ မျက်မှန်ဝင်ခြင်း၊ ဆိုင်ခန်းဝင်ခြင်း၊ ဆိုင်ကယ်ဝင်ခြင်းဖြစ်တတ်သည်။ အလုပ်တွင် ရန်ပေါ်တတ်သည်။
အချစ်ရေးတွင်ကံကောင်းနေသည်။ ချစ်သူရည်းစားရမည်။ မိမိဘ၀အတွက်အိမ်ထောင်ဖက် ဖြစ်တတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါက်ပေါက်ပွင့်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၅၊ ၁၊ ၃၊ ၆ )

အင်္ဂါသားသမီးများ၏ကံကြမ္မာ

ကားဝင်ခြင်း၊တိုက်ခန်းဝင်ခြင်း၊ အလုပ်သစ်လုပ်ရန်ပေါ်လာတတ်သည်။ အလှူလုပ်ရခြင်း၊ မိမိကိုယ်တိုင်မင်္ဂလာဆောင်ရခြင်း၊
သူတပါးမင်္ဂလာပွဲကို ပါဝင်ဆင်နွဲရခြင်း ဖြစ်တတ်သည်။ စက်ပစ္စည်းအသစ်များဝင်ခြင်း၊ ရွှေဝင်ခြင်း၊ နာရီဝင်ခြင်း၊
ကျောက်မျက်ရတနာဝင်ခြင်း ဖြစ်တတ်သည်။ အလုပ်တွင်အတိုက်အခံများနေမည်။အပူလောင်ခြင်း၊ ဆေးထိုးမှားခြင်း၊
အစားမှားပြီးဗိုက်အောင့်ခြင်း ဖြစ်တတ်သည်။ အချစ်ရေးကံကောင်းနေသည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ရှောက်သီးသုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၆၊ ၂၊ ၄၊ ၀ )

ဗုဒ္ဓဟူးသားသမီးများ၏ကံကြမ္မာ

နိုင်ငံခြားခရီး၊ ပြည်တွင်းခရီး နှစ်မျိုးစလုံးသွားရတတ်သည်။ နိုင်ငံခြားမှလက်ဆောင်ပစ္စည်းရခြင်း၊ လူမျိုးခြားကူညီမှုရခြင်း၊
ခင်မင်သောမိတ်ဆွေများနှင့် လမ်းခွဲရတတ်သည်။ စီးပွားရေးကောင်းနေမည်။ အပိုဝင်ငွေရခြင်း၊ ထီပေါက်တတ်ခြင်း၊
ထီပေါက်သကဲ့သို့ငွေဝင်ခြင်း ဖြစ်တတ်သည်။ အရေးကြီးစာရွက်စာတမ်း ပျောက်တတ်ခြင်း၊ စာရွက်စာတမ်းကြောင့်
စိတ်ညစ်ရခြင်း၊ ငွေကုန်ခြင်းများဖြစ်တတ်သည်။ အလုပ်တွင် စာရင်းအင်းမှားပြီးငွေနှင့်ဖြေရှင်းရတတ်သည်။ အစစအရာရာ
သတိထားပါ။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား နွားနို့ (၂) ခွက်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၂၊ ၁၊ ၀၊ ၆ )

ကြာသပတေးသားသမီးများ၏ကံကြမ္မာ

မိမိတိုင်းပြည်သို့ ပြန်ရတတ်ခြင်း၊ နိုင်ငံခြားခရီးသွားရတတ်ခြင်း၊ မြေ၀င်ခြင်း၊ အမွေရခြင်း၊ ကွန်ပြူတာဝင်ခြင်း၊ မိမိစိတ်တွင်
အလိုမကျခြင်း၊ သူတပါးကိုစိတ်တိုင်းမကျခြင်းဖြစ်နေလိမ့်မည်။ လုပ်သမျှအဆင်မပြေဖြစ်နေမည်။ အလုပ်ပြောင်းလိုခြင်းဖြစ်နေမည်။
မပြောင်းပါနှင့် လက်ရှိအလုပ်ထက် နောက်အလုပ်က ပိုပြီးစိတ်ညစ်ရမည်။ သီးခံပြီးနေပါ။ ဆိုင်ကယ်သတိထားပါ။ ခြေထောက်ကွဲပြဲပြီး
ချုပ်ရတတ်ခြင်း၊ သွေးတိုးခြင်း၊ ရပ်ဝေးမှနာရေးသတင်းကြားရခြင်းဖြစ်တတ်သည်။ အချစ်ရေးညံ့နေမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား မုန့်ဖက်ထုပ်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၇၊ ၅၊ ၀၊ ၃ )

သောကြာသားသမီးများ၏ကံကြမ္မာ

စာမေးပွဲ၊ အင်တာဗြူးဖြေဆိုစရာများရှိပါက ရဲရဲသာဖြေဆိုပါ။ ထူးချွန်စွာအောင်မြင်မည်။ လူမျိုးခြား၊ နိုင်ငံခြားကိစ္စများ ပြု
လုပ်ဆောင်ရွက်ရတတ်သည်။ အလုပ်တွင်စွပ်စွဲခံရတတ်သည်။ လူလိမ်ခံရတတ်ခြင်း၊ လူလုခံရတတ်ခြင်း၊ ဆိုင်ကယ်၊
ကားတို့ကြောင့် ခြေထောက်ဒဏ်ရာရတတ်သည်။ ယားနာပေါက်ခြင်း၊ ရေယုံပေါက်ခြင်း၊ သွေးပေါင်ကျခြင်းဖြစ်တတ်သည်။
အကြောနှင့်ပတ်သက်ပြီးဒုက္ခပေးနေမည်။ အချစ်ရေး၊ အိမ်ထောထင်ရေးသာယာနေပါမည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား ပေါင်မုန့်နို့ဆမ်းကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၇၊ ၇၊ ၅၊ ၅ )

စနေသားသမီးများ၏ကံကြမ္မာ

အလုပ်သစ်လုပ်ရန် အကြောင်းပေါ်တတ်သည်။ မလုပ်ပါနှင့် ဆုံးရှုံမှုများမည်။ ပုံမှန်အလုပ်ပဲသတိထားပြီးလုပ်ပါ။ ကံညံ့သော
အချိန်ဖြစ်နေသည်။ အစစအရာရာ သည်းခံပြီး သတိဝိရိယထားရမည့်အချိန်ဖြစ်သည်။ အလုပ်တွင်အစွပ်အစွဲခံရတတ်ခြင်း၊
ဆေးစားမှားခြင်း၊ လက်အောက်ငယ်သားများ၊ အထက်လူကြီးဆရာသမား နှစ်ဦးလုံးကြောင့်စိတ်ညစ်စရာ ကြုံတွေ့ရတတ်သည်။ ငွေကုန်များနေမည်။ ငွေအချေးအဌားမလုပ်ပါနှင့်၊ ဆုံးမည်။ လူလိမ်ခံရခြင်း၊ လူလုခံရခြင်း ဖြစ်တတ်သည်။
တတ်နိုင်သလောက်ဘာသာရေးလုပ်ပါ။ အချစ်ရေးညံ့နေသေးသည်။ အိမ်ထောင်ရှင်များ စကားများရတတ်သည်။

ယတြာ။ မွေးနေ့နံနက်တွင် မိမိကိုးကွယ်ရာဘာသာမှ ဘုရားသခင်အား အုန်းစိမ်းရည်ကပ်လှူဆုတောင်းပါ။

အကျိုးပေးဂဏန်း ( ၁၊ ၆၊ ၅၊ ၁ )

* * * * * ကောင်းကျိုးလိုရာဆန္ဒပြည့်ဝကြပါစေ * * * *

ဗေဒင်ပညာရှင်.ဆွေဇင်ဝတီ (ဆရာကြီးမင်းသိင်္ခ၏တပည့်)
ဟောချိန်- နံနက် ၁၀း၀၀ နာရီ ညနေ ၅း၀၀နာရီ
ဟောခန်း- နန်းထိုက်ပဒုမ္မာ (ဆံသ စတိုးနှင့်စားသောက်ဆိုင်) ကလန်းကားဂိတ်နှင့် Mydin Supermarket အနီး၊ မလေးရှားနိုင်ငံ။