- mails display မှာ 50 , 100 စသဖြင့် လုပ်ထားတာတွေကို 20 ပဲထားလိုက်ပါ.
- အကောက် Sign in လုပ်တဲ့ အခါ အရင် အဟောင်း စတိုင်နဲ့ ၀င်ပါ ဒီကနေ သွားလို့ရတယ် နော် older Gmail version.
- settings > general > keyboard shortcuts လို့ သွားလိုက်ပြီး ကီးဘုတ်လျော့ကပ်ကို ပိတ်ထားလိုက်ပါ
- settings > web clips, show my web clips မှာ အမှန်ခြစ်ဖြုတ်ပါ
- မိုဘိုင်း ဗားရှင်းကို သုံးပါ http://m.gmail.com
- Browser Check ကို ကျော်ပစ်ပါ ဒီမှာနော် သွားလုပ်လို့ ရတယ် http://mail.google.com/gmail?nocheckbrowser.
- Labs Feature တွေ ပိတ်ပစ်လိုက်ပါ
- Thunderbird သို့ Outlook တွေကနေ လဲသုံးနိုင်တယ်နော်
- settings > general > notifications ကို သွားပြီး ဖွင့်ထားလိုက်ပြီး သတိပေးတာ တက်လာတာနဲ့ နှိပ်ကြည့်နိုင်ပါတယ်
Google Account မှ အမခဲ့ Service များ
Chatting ၀င်ဖို့ Social Network မှာ Signup လုပ်ဖို့ သူငယ်ချင်းတစ်ယောက်ဆီကို Message ပို့ဖို့ သတင်း အသစ်တွေရှိရင် Alert လုပ်ဖို့ Blog တစ်ခုတည်ဆောက် နိုင်ဖို့ ကိုယ်ပိုင် Document တွေကို Online မှာ တင်ထားပြီး လိုအပ်ရင် Online မှာတင် တည်းဖြတ်နိုင်ဖို့ News Group တွေ Event Group တွေဖွဲ့ပြီး သတင်းအသစ်တွေ အသိပညာတွေ အပေးအယူလုပ်ဖို့၊ အရေးတကြီးလုပ်ရ မယ့် Event တွေကို အစီအစဉ်ဆွဲနိုင်ဖို့၊ သူငယ်ချင်းတွေ အစုအဖွဲ့လိုက်ဖွဲ့နိုင်ဖို့၊ မိမိကိုယ်ပိုင် Website တစ်ခု တည်ထောင်နိုင်ဖို့၊ မိမိစိတ်ကြိုက် Website လိပ်စာတွေကို Online မှာပဲ မှတ်သားထားပြီး ဘယ်နေရာရောက်နေ ရောက်နေ အလွယ်တကူ ပြန်ခေါ်ကြည့်နိုင်ဖို့၊ ကိုယ်ရှာဖွေ ကြည့်ရှုခဲ့တဲ့ Website တွေကို မှတ်သားထားပြီး အလွယ် တကူ ပြန်လည်ရှာဖွေနိုင်ဖို့၊ ကိုယ့်ရဲ့ပုံတွေကို Online မှာ တင်ထားပြီး Public ဒါမှမဟုတ် စိတ်ကြိုက် Member တွေသာ ကြည့်ရှုခွင့်ပေးဖို့၊ အလုပ်လျှောက်ဖို့ အဲဒါတွေ အားလုံးကို Email အကောင့်တစ်ခုရှိရုံနဲ့ လုပ်ယူလို့ ရပါတယ်။
အကုန်လုံး အခမဲ့ ရရှိနိုင်ပါတယ်။ နှစ်စဉ်ကြေးတွေ လစဉ်ကြေးတွေ Signup ကြေးတွေပေးစရာမလိုပါဘူး။ ပေးရမယ့်အခကြေးငွေက တစ်ခုပဲရှိပါတယ်။ Internet အသုံးပြုခပါ။ တစ်နာရီ ၅၀၀ ကျပ်တန်ဆိုင်မှာ သုံးရင် တစ်နာရီ ၅၀၀ ကျပ်ပဲကျမှာပါ။ တစ်နာရီ သုံးရာကျပ် တန်ဆိုင်မှာ သုံးရင်တော့ ၃၀၀ ပေါ့။ အိမ်မှာ လိုင်း လျှောက်ပြီးသုံးလဲ လိုင်းအတွက် နှစ်စဉ်ကြေး လစဉ်ကြေး တွေပဲ ပေးရမှာပါ။ Google Services ကိုသုံးလို့ ဘာအခွန် အခမှ မရှိပါဘူး။
Internet ပေါ်က Services အကုန်လုံးရဲ့ Identity က Email အကောင့်တစ်ခုတည်း ဖြစ်သွားနိုင်ပါတယ်။ အပြင်မှာဆိုရင်တော့ NRC သို့မဟုတ် FRC (National / Foreign Registration Card) မှတ်ပုံတင်ကဒ်လိုပေါ့။ Web ပေါ်က Services တွေ Internet ပေါ်က Application တွေ ဒီလုပ်ဆောင်ချက်တွေ အကုန်လုံးကို ဒီ Email တစ်ခု တည်းနဲ့ ထိန်းချုပ်သွားတော့မှာပါ။ Email အကောင့်ထဲ ၀င်လိုက် ပြီးရင်တော့ Services တွေ အကုန်လုံးကို ထိန်းချုပ်နိုင်ပါပြီ။ ထိန်းချုပ်ရလွယ်တာပေါ့။ ကဲ့ ... google account ကို ဘယ်လိုသုံးကြမလဲ။
အဓိက သုံးကြတာကတော့ gmail အတွက်ပေါ့။
Google Mail (Gmail)
Google mail (gmail) ကဲ့သို့သော free email တွေ ကြောင့် စာအိတ်တို့၊ တံဆိပ် ခေါင်းတို့ဆိုတာ ရှားပါးပစ္စည်း ဖြစ်သွားပါပြီ။ ကမ္ဘာကြီးရဲ့ ဘယ်နေရာမှာ ရောက်နေသည် ဖြစ်စေ၊ gamil account ကို အသုံးပြုပြီး အင်တာနက်ချိတ် ထားတဲ့ ကွန်ပျူတာကနေ စာတွေပေးပို့လို့ရသလို ကိုယ့် ဆီဝင်လာတဲ့ စာတွေကိုလည်း ဖတ်ရှု(စစ်)လို့ ရနေပါပြီ။
Google Talk (Gtalk)
Google Talk (Gtalk) ထပ်ရတယ်။ အကောင့်ထပ် လုပ်စရာမလိုပါဘူး။ Chatting ရမယ် အသံနဲ့ပြောလို့ရမယ် WebCam နဲ့ Chat လို့ရမယ်။ Offline Message ပေးလို့ ရမယ်။ Offline Message ကို Voice Message ချန်လို့ရမယ်။ bot တွေသုံးပြီး Gorup ချက်လို့ရမယ်။ bot တွေသုံးပြီး Gtalk မှာ တင် English ကနေ Korea၊ Korea ကနေ English စသဖြင့် Dictionary ပေါင်း သုံးဆယ်ကျော်သုံးလို့ရမယ်။ အဲဒီအထဲမှာ en2mm ပါရှိပါတယ်။ English ကနေ မြန်မာ Dictionary ပါ။ Zawgyi-One Fonts ကိုသုံးပါတယ်။ Gtalk ကနေ အခမဲ့ Services တွေသုံးပြီး အချို့နိုင်ငံတွေကို အခမဲ့ မိနစ်ပိုင်း Phone ခေါ်လို့ရမယ်။
Google Reader (Reader)
Google Reader (Reader) ကို Gmail ၀င်လိုက်ရင် လည်း အပေါ်ပိုင်းနားမှာ တွေ့နိုင်တယ်။ Click လိုက်ရင် တော့ Browser မှာ NewTab နဲ့ ပေါ်လာမှာပါ။ သူ့ကို သုံးပြီး ကိုယ်ကြိုက်တဲ့ Site တွေကို တစ်ခုခြင်းစီ အမြဲသွား သွားပြီး ဖတ်နေစရာမလိုပဲ Reader ကနေ Website သို့ မဟုတ် Comment လို့ခေါ်တဲ့ မှတ်ချက်တွေကို ရွေးပြီး စိတ်ကြိုက်စောင့်ကြည့်နေရုံပဲ။ Original Site ကို ၀င်ရနှေး နေရင် ၀င်မရရင်တောင် Reader ကနေတစ်ဆင့် ဖတ်နိုင် တယ်။ Feed နဲ့ဖတ်တယ်လို့ ခေါ်ပါတယ်။
Google Document (DOC)
Google Document (DOC) ကို သုံးပြီး Gmail ကနေပို့တဲ့ဖိုင်တွေ၊ Upload လုပ်ပြီး Online ကနေ Attach လုပ်ပြီးပို့ရမယ့် Microsoft Word ရဲ့ doc ဖိုင်တွေ၊ Excel ရဲ့ xls ဖိုင်၊ PowerPoint ရဲ့ ppt ဖိုင်တွေစသဖြင့် Office ဖိုင်တွေကို Online မှာ သိမ်းဆည်းမယ်၊ ဒါမှမဟုတ် Edit လုပ်မယ်ဆိုရင် Google အကောင့်တစ်ခုရှိရုံနဲ့ သုံးလို့ရတဲ့ Services ပါပဲ။ zoho က Doc က ပိုမိုကောင်းမွန်တယ်လို့ ပြောကြပေမယ့် Gmail အကောင့် အသုံးပြုနေချိန်မှာ တန်း ပြီး အသုံးပြုလို့ရနေတဲ့ Google Doc ကို အကောင့် အသစ် ထပ်ဖွင့်ပြီး Sign in ထပ်လုပ်ရမယ့် zoho က ယှဉ်လို့ မရနိုင် ပါဘူး။
Google Calendar (Calendar)
Google Calendar (Calendar) ကို အသုံးပြုပြီး ကိုယ်လုပ်ရမဲ့ အချိန်စာရင်းတွေ ပြုလုပ်ဆဲ Event တွေ ပြုစုတာတို့ Event ကို အသုံးပြုပြီး Alert လုပ်တာတို့ birthday အချိန်ကိုက် Mail ပို့တာတို့ လုပ်ဆောင်နိုင်မှာပါ။
Picasa Web Album
Google ရဲ့ ဒီ Web Album ကို အသုံးပြုပြီး မိမိတို့ မိသားစုပုံတွေ Blog တွေ Web တွေမှာ အသုံးပြုမဲ့ပုံတွေကို တင်ထားနိုင်ပါတယ်။ Presentation အနေနဲ့ကော Viewer ကိုကော အသုံးပြုနိုင်သလို Permission ခွဲထား ခြင်းအားဖြင့် အပြင်လူ မကြည့် စေချင်တဲ့ Photo တွေကို Hidden လုပ်ထားနိုင်ပါတယ်။ မြန်မာပြည်က လူတွေ ကတော့ Rockyou တို့ဘာတို့လဲ သုံးကြပါတယ်။၊ Rockyou ကတော့ Flash Presentation ကော Music ကောပါလို့ ပို ကောင်းပါတယ်။
Bookmark (Google)
Bookmark (Google Bookmark) မသုံးရသေးစဉ် က IE တွေ Mozilla Firefox တွေမှာပါတဲ့ Bookmark သုံးဖူးကြမှာပါ။ Webpages တစ်ခုကို သဘောကျလို့ လိပ်စာမှတ်ထားမယ်ဆိုရင် Mozilla Firefox မှာဆိုရင် Ctrl+D နှိပ်ရတယ်လေ။ အဲဒီ Webpages Address ကို Mozilla Firefox မှာ မှတ်ထားပေးမှာပါ။ ဒါပေမယ့် ကိုယ်ပိုင် Computer မှာ သုံးတာမဟုတ်ပဲ Internet Café တို့ Office တို့မှာ သုံးရင် စက်ပြောင်းလိုက်တာနဲ့ မှတ်ထားတာတွေ ဘယ်လိုမှ သုံးလို့မရတော့ပါဘူး။
မြန်မာပြည်က Web Developer တွေရေးထားတဲ့ www.hanlin.com ဆိုတဲ့ Bookmarking လည်း ရှိပါတယ်။ google Bookmarks ကတော့ Gmail အကောင့် ၀င်ထား တာနဲ့ www.google.com/bookmarks ဆိုတာနဲ့ တန်းသုံး လို့ ရနေပါပြီ။ မှတ်ဖို့ကော ပြန်ပြီး အသုံးပြုဖို့ကောပေါ့။
Site (Google Site)
Site (Google Site) ကို အသုံးပြုပြီး Website တစ်ခုတည်ဆောက်လို့ ရပါတယ်။ Google ရဲ့ အကောင့် တစ်ခု ရှိရင်ရနေပါပြီ။ Gmail ကို Signin လုပ်ပြီး http://sites.google.com ဆိုပြီး Addessbar မှာ ရိုက်ပြီးတာနဲ့ ကိုယ်ပိုင် Website တစ်ခု အခမဲ့ Services ပေးဖို့ Google က စာဖတ်သူကို စောင့်ကြိုနေပါတယ်။
Blogger (Google Blogger)
Blogger (Google Blogger) ဆိုတာကိုတော့ အကုန်လုံးသိပြီးသားပါပဲ။ http://www.blogger.com မှာ http://yourname.blogspot.com ဆိုတဲ့ blog တစ်ခုကို စာဖတ်သူအနေနဲ့ အလွယ်တကူလုပ်ယူနိုင်ပါတယ်။ Blog မှာ Template လို့ခေါ်တဲ့ Design တွေ အပြင်အဆင်တွေ မပြောင်းလဲဘူးဆိုရင်တော့ Microsoft Word မှာ စာရိုက် တတ်ရင် Blog ရေးလို့ရပါပြီ။ HTML တွေ CSS တွေ နားလည်ရင်တော့ Design ပိုင်းကိုပါ စိတ်ကြိုက်ပြင်ဆင် နိုင်တာပေါ့ဗျာ။
Web History
Web History ကို အသုံးပြုပြီး Gmail ဒါမှမဟုတ် Google Services တစ်ခုခုသုံးထားတဲ့ အချိန်မှာ ဘယ် Websit တွေကို ဘယ်စကားလုံးတွေ သုံးပြီး Google Search မှာ ရှာသွားခဲ့တယ်ဆိုတာကို ပြန်ကြည့်နိုင်ပါ တယ်ဗျာ။
ဒါတွေကတော့ Google ကနေပေးတဲ့ Services တွေပါပဲ။ One Stop Services လို့တောင် ခေါ်လို့ ရနေ ပါတယ်။
အခြားအခြားသော Services တွေကို စုစည်းပြီး Account တစ်ခုတည်းနဲ့ ၀င်ရောက်အသုံးပြုနိုင်ဖို့ လုပ်တဲ့ Project တစ်ခု ရှိပါတယ်။ Open ID လို့ခေါ်ပါတယ်။ သူ့အကောင့်တစ်ခုထည်းမှာ စုစည်းထားလို့ရတဲ့ နာမည် ကြီး Services တွေကတော့ - AOL, Blogger (Google), chi.mp, claimed, Flickr, Google, Hyves, livejournal, openid.net, MyOpenid, myspace, Orange, VeriSign, Yahoo, yiid စတာတွေ ပါဝင်ပါတယ်။
Google က အလိုလျှောက်ရှာပေးလိမ့်မယ်။ (Let Me Goolge that For you)
by SB.Sangpi(စံပီး)
ဟိုတနေ့က Goolge မှာ ဟိုရှာ၊ဒီရှာလုပ်နေတုန်းမှာ သူငယ်ချင်းတစ်ယောက်က ဒီ website လေးကိုရှာတွေ့ပြီး
သူသဘောကျတာနဲ့ ကျွန်တော်ကို လာပြတယ်. ကျွန်တော်လဲ ကြည့်လိုက်တော့ သဘောကျတာနဲ့ ပြန်ဝေမျှ
လိုက်တာပါ။
ဘယ်လိုနေရာတွေမှာ အသုံးဝင်လဲဆိုတော့ ဥပမာ-ကျွန်တော်ရဲ့ Google search list အကုန်လုံးကို သူငယ်ချင်း တစ်ယောက်ကို ပြချင်တယ်ဆိုရင် သူကို Google မှာသွားပြီး ငါ့နာမည်ကိုရိုက်ပြီး
search လုပ်ဆိုပြီးတကုတကပြောစရာ မလိုတော့ဘဲ ဒီလိုလဲရှာပြီး လင့်ပေးလိုက်တာနဲ့ ရှာပြီးသွားဖြစ်သွားပါ
တယ်။ ပြီးတော့ ကိုယ့်လမ်းညွန်ချင်တဲ့ Google ကအကြောင်းအရာတွေကိုလဲ ဒီ Let me Google that for you ကနေ လင့်လေးပေးလိုက်လို့ရပါတယ်။
၁၊ http://lmgtfy.com/ ကိုသွားပါ
၂၊ Search box မှာ ကိုယ့်ရှာခြင်တဲ့ စကားလုံးကိုရိုက်ပါ (e.g sbsangpi) လိုရိုက်ပါ
၃၊ ပြီးနောက်google search ကိုနှိပ်ပါ. အောက်မှာ လင့်တခုပေါ်လာပါလိမ့်မယ်.ဒီလင့်ကို copy ယူပြီး
၎၊ new tab မှာ paste ပါပြီးတော့ ဒီအတိုင်းထိုင်ကြည့်နေပါ။ သူအလိုလျှောက်ရှာပါပေးပါလိမ့်မယ်။
ကျွန်တော်ရဲ့ဥပမာ- http://lmgtfy.com/?q=sbsangpi ကြည့်ကြပါ။
G O O G L E B U Z Z |
Google Buzz ဆိုတာ PC ဒါမှမဟုတ် Mobile ပေါ်မှာ အသုံးပြုနိုင်ပြီး လူမှုရေး network တွေ အားလုံးကို ပေါင်းစည်း လိုက်တာ Rss တစ်ခုအနေနဲ့ Buzz က ဖော်ပြပေးတာပဲ ဖြစ်ပါတယ်။ အရာအားလုံးဟာ လက်ရှိရှိနေတဲ့ gmail နဲ့ google.com ရဲ့ ပင်မအခြေခံ အဆောက်အအုံထဲမှာပဲ ရှိနေပါတယ်။
Buzz ရဲ့ အဓိကလုပ်ဆောင်ချက် ၅ ခု
Google buzz မှာ gmail ကိုသုံးပြီး email ပို့ခဲ့တဲ့သူတွေကို သူငယ်ချင်းအဖြစ် အလိုအလျှောက် ထည့်သွင်းပေးတဲ့ Automatic friend lists၊ picasa နဲ့ twitter တို့လို siurces ကို feed တစ်ခုထဲအဖြစ် ပေါင်းစပ်ပေးတဲ့ Rich fast sharing ပါရှိပြီး photo တွေကို အရွယ်အစားအပြည့်နဲ့ ကြည့်ရှုနိုင်ခြင်း၊ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ ပြောင်းလဲနိုင်တဲ့ public and private sharing ၊ facebook လိုမျိုး update တွေကို email ပို့မယ့်အစား buzz မှာ ပါဝင်လုပ်ဆောင်နိုင်ပြီး Buzz thread မှာ ပါဝင်တဲ့အရာအားလုံးကို update အမြဲတမ်း လုပ်ပေးနေမယ့် inbox integration ၊ သူငယ်ချင်းရဲ့ဆင့်ပွား သူငယ်ချင်းမှာ ပါဝင်တဲ့ အရာတွေဟာ ကိုယ်နဲ့ သိကျွမ်းမှုမရှိရင်တောင်မှ recommended buzz က feedback လုပ်ချိန်တိုင်းကို လေ့လာနေခြင်း စတာတွေ ပါဝင်ပါတယ်။ Google buzz ဟာ တစ်ချိန်ချိန်မှာတော့ gmail ထဲမှာ tab အသစ်တစ်ခုအဖြစ် မြင့်တက်လာသင့် ပါတယ်။
Android နဲ့ iphone browser ပေါ်က google.com ကနေ buzz ဟာ mobile မှာလည်း လုပ်ဆောင် ပေးနိုင်ပါတယ်။ ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ တည်နေရာကို ရှာဖွေဖေါ်ပြပေးနိုင်ပါတယ်။ အဲဒီကတစ်ဆင့် buzz ဟာ စီးပွားရေး လုပ်ငန်းနဲ့ စားသောက်ဆိုင်လို အရာတွေရဲ့ သတင်းအချက်အလက်ကို feed လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ စီမံပေးနိုင်ပါတယ်။
Android နဲ့ iphone browser ပေါ်က google.com ကနေ buzz ဟာ mobile မှာလည်း လုပ်ဆောင် ပေးနိုင်ပါတယ်။ ခလုတ်တစ်ခုကို နှိပ်လိုက်တာနဲ့ တည်နေရာကို ရှာဖွေဖေါ်ပြပေးနိုင်ပါတယ်။ အဲဒီကတစ်ဆင့် buzz ဟာ စီးပွားရေး လုပ်ငန်းနဲ့ စားသောက်ဆိုင်လို အရာတွေရဲ့ သတင်းအချက်အလက်ကို feed လိုအပ်ချက်နဲ့ အံဝင်ခွင်ကျ စီမံပေးနိုင်ပါတယ်။
Facebook နဲ့ Titter အစား Google buzz ကို ဘယ်အချိန်မှာ သုံးသင့်သလဲ။
ဒီကနေ့နည်းပညာမှာ google buzz ဟာ လူတိုင်းပါးစပ်ဖျားမှာ ရှိနေပါတယ်။ ချီးမွမ်းမှုတွေရော၊ အဆိုးမြင်မှုတွေနဲ့ပါ ရောနှောနေပြီး ကောင်းမွန်တဲ့ အရာလို့ ပြောနိုင်ပေမယ့်လည်း ရိုးရှင်းမှုတော့ မဟုတ်ပါဘှုး ။ ဒီအချက်ကတော့ တစ်ယောက်ယောက်ဟာ ဒါကို တကယ်တမ်း အသုံးပြုနိုင်တဲ့အထိ ဘယ်နေရာတွေကို ပိုင်ဆိုင်ထားပြီး ဒါကို အသုံးပြုမယ် မပြုဘူးဆိုတာ ဖော်ထုတ်ပြဖို့ ခက်နေနိုင်ပါတယ်။ ဒါကြောင့် လူမူ media ကျွမ်းကျင်သူတို့ရဲ့ အကြံပေးချက်ပေါ် မှီခိုနေမှာထက် facebook၊ Twitter ဒါမှမဟုတ် အခြား social network အမျိုးအစားတွေ ထက် Buzz ကို ရွေးချယ်သင့်တယ် ဆိုတာတွေနဲ့ မရရှိနိုင်တဲ့ အချက်တွေကို ဆက်လက်ဖေါ်ပြပါမယ်။
လူကြိုက်များတဲ့ ၅ နေရာ
1. Buzz ဟာ ကောင်းကောင်း စုစည်းထားနိုင်ပါတယ်။ Google က ဝန်ဆောင်မှုတွေ အရောင်းရဆုံးနေရာ ဖြစ်နိုင်တာကတော့ သူုဟာ အရာရာတိုင်းကို တစ်နေရာတည်းမှာ ဆွဲသွင်းထည့်ထားတာ ဖြစ်ပါတယ်။ တကယ်လို့ wave ဟာ ဆက်သွယ်ရေးပေါင်းစည်းထားမှု ဖြစ်တယ်ဆိုရင် buzz ကလည်း လူမှုရေးကမ္ဘာ အတွက် အတူတူဖြစ်လာပြီး gmail အသုံးပြုသူတွေအတွက် ကောင်းတာကတော့ email ဝန်ဆောင်မှုတွေဆီကို တည့်တည့် မတ်မတ် ချည်နှောင် လိုက်တာပဲ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ကွဲပြားတဲ့ network တွေကို log-in ထပ်ဝင်ဖို့ မရှိတော့ပါဘူး။ ဒီလိုမျိုး ရပ်တည်ဖို့ buzz က twitten picasa နဲ့ flicker တို့ကို သယ်ဆောင်လာတာဟာ ကောင်းတဲ့ စတင်မှု တစ်ခုဖြစ်ပေမဲ့ တစ်ကယ်တမ်း ဖြည့်စွမ်းဖို့ အတွက်ကတော့ facebook ကိုလည်း ပါဝင်လာဖို့ သဘောတူညီမူတွေ လိုပါသေးတယ်။
2. ပါဝင်တာတွေက ကောင်းမွန်လာပါတယ်။ Twitter ဒါမှမဟုတ် facebook လို static icon ဖြစ်တဲ့ link ကိုသာ buzz က ပေးထားတာမဟုတ်ဘဲ URL ဆီက သတင်းအချက်အလက်ကို သူကိုယ်တိုင်က ဆွဲယူထားပါတယ်။ Demo video အရ ဘာတွေ ထပ်ရှိသလဲဆိုတော့ မြန်ဆန်စွာလုပ်နိုင်ပြီး ရောက်ရှိနေတဲ့စာမျက်နှာကနေ ထွက်သွားဖို့လည်းမရှိပါဘူး။ ဒါဟာ click နှိပ်ရတဲ့ အလုပ်တွေကို သက်သာသွားစေပေမယ့် spam link ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာနိုင်ပါတယ်။ မကောင်းတဲ့ URL တစ်ခုရဲ့ အခြားတစ်ဖက်မှာရှိတဲ့ မဟုတ်တရုပ်တွေကို အလိုအလျောက် ထည့်သွင်းသွားမှာလား၊ ဒါမှမဟုတ် Gmail လိုမျိုး စီးပွားရေးလုပ်ငန်းအတွက် အကောင်းဆုံး filter တစ်ခု ဖြစ်နေမှာလား ဆိုတာကတော့ စဉ်းစားစရာပဲ ဖြစ်ပါတယ်။
3. အသံနဲ့ update ပြုလုပ်နိုင်ပါတယ်။ ဒါဟာ ကောင်းမွန်တဲ့ ထိတွေ့မှုတစ်ခုဖြစ်ပြီး မကြာခင်ဝန်ဆောင်မူထဲမှာ ထပ်ထည့်လာပါလိမ့်မယ်။ buzz စာမျက်နှာကို အသံနဲ့ update ပြုလုပ်နိုင်လာပါလိမ့်မယ်။ ပုံမှန်အားဖြင့် voice recognition လုပ်ဆောင်ပေးနိုင်တဲ့ phone ကနေသာ ဒီဟာကို အလုပ်လုပ်ပေးနိုင်ဖို့ စတင်နိုင်ပြီး ဖြစ်နိုင်တာကတော့ Android 2.0 ဒါမှမဟုတ် သူ့ထက်ပိုမြင့်တာတွေပဲ ဖြစ်ပါတယ်။ အခြားနည်းအနေနဲ့ စိတ်ကူးထဲရှိတာတွေကို tweeting ဒါမှမဟုတ် facebooking မလုပ်ခင် hand free အတွက် စောင့်နေရတာကတစ်ဆင့် မြင့်တက်လာတာပဲ ဖြစ်ပါတယ်။ လူတိုင်းရဲ့ comment ဟာ သူတို့ရဲ့ဘဝမှာ ဖြစ်ပျက်နေတာကို သက်ဝင်နေစဉ်မှာပဲ တချို့သော ထိခိုက်ဖွယ်ကိစ္စတွေ ဖြစ်စေဖို့ ဦးတည်လာနိုင်ပါတယ်။ လူမှုရေးရည်မွန်မှုကိုတစ်နေရာရာမှာ ဘေးထုတ်ထားခံရပါလိမ့်မယ်။
4. ရောက်ရှိတဲ့နေရာကို အခြေခံထားပါတယ်။ ဒါဟာ Foursquare လိုမျိုး ဝန်ဆောင်မူတွေက လုပ်ဆောင်ထားနိုင်ပြီးသား ဖြစ်ပေမယ့် ဒီအချက်ကတော့ Buzz ဟာ အခြားသော အရာအားလုံးကို ပေါင်းစည်း ပေးထားခဲ့ပြီး တစ်နေရာတည်းမှာ ရရှိစေဖို့ ခိုင်မာအောင် ထပ်လုပ် ထားပါတယ်။ ပုံမှန်အားဖြင့် အခြားလူမူရေးဝန်ဆောင်မှုတွေပေါ်မှာ ရောက်ရှိတဲ့နေရာနဲ့ GPS co-ordinate တွေကို မှတ်သားထားနိုင်ပေမဲ့ သူငယ်ချင်းဟာ ဘယ်အချိန်မှာ ဘယ်မှာနေ နေတယ်၊ အခုအချိန် ဘယ်မှာရှိနေတယ် ဆိုတာကို Google latitude style စတိုင်နဲ့ တည့်သွင်းထားတဲ့ မြေပုံပေါ်မှာ ပိုပြီးအာရုံစိုက်ထားပါတယ်။
5. အနှောက်အယှက်ဖြစ်စရာတွေကို ပယ်ဖျက်ထားပါတယ်။ Twitter မှာ အနှောက့်အယှက် ဖြစ်စရာ အားလုံးရှိနေပြီး ဒါကပဲ နှစ်လိုဖွယ် အစိတ်အပိုင်းပဲ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဒါဟာ လူအုပ်စု တော်တော်များများရဲ့ microblogging network ကို ပိတ်ထားဆဲ ဖြစ်နေရတဲ့ အကြောင်းပြချက် တစ်ခုလည်းဖြစ်ပါတယ်။ နေ့ရက်ရဲ့မိနစ်တိုင်းမှာ လူတွေ ဘာဖြစ်နေတယ်ဆိုတာ ကိုသိဖို့ ဘာလုပ်ရမလဲ၊ ပြီးရင် လူတိုင်းကိုလည်း ကိုယ်ဘာတွေလုပ်နေတယ်ဆိုတာကို ဆွေးနွေးမူတစ်ခု ပြုလုပ်ယူရပါမယ်။
Google ဟာ Gmail မှာ spam စစ်ထုတ်ပေးနိုင်တာကအဓိက ကောင်းမွန်နေဆဲဖြစ်ပြီး ဒီအချက်ကပဲ ကုမ္ပဏီအတွက် ခိုင်မာတဲ့အခြေခံတစ်ခု ပြုလုပ်စေနိုင်ကာ မကြားချင်တဲ့ status updates ကိုလည်းပဲ တူညီစွာ လုပ်ဆောင်နိုင်စေခြင်းဖြစ်ပါတယ်။ တကယ်လို့ buzz အနေနဲ့ ဒီဟာကိုထိထိရောက်ရောက်စီမံနိုင်ရင် twitter နဲ့ Facebook တို့ထက် ကောင်းကျိုးတစ်ခုရှိလာပါလိမ့်မယ်။ အဲဒီနောက် ဆက်သွယ်မှုနဲ့ ပတ်သက်ချက်ပေါ်မှာ အခြေခံပြီး အနှောင့်အယှက်တွေလျော့ကျသွားတာဟာ ဆက်သွယ်သူတို့ရဲ့ massage မှာပါရှိတဲ့အရာတွေနဲ့ မဆုံးဖြတ်ပါဘူး။ အဲဒါရဲ့ရလဒ်ကတော့ သိဖို့ခဲယဉ်းတဲ့တစ်စုံတစ်ယောက်ဆီကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ comment တစ်ခုအဖြစ် buzz ကကောင်းစွာ ချိန်ကိုက်ပေးနိုင်လာပါလိမ့်မယ်။
Google ဟာ Gmail မှာ spam စစ်ထုတ်ပေးနိုင်တာကအဓိက ကောင်းမွန်နေဆဲဖြစ်ပြီး ဒီအချက်ကပဲ ကုမ္ပဏီအတွက် ခိုင်မာတဲ့အခြေခံတစ်ခု ပြုလုပ်စေနိုင်ကာ မကြားချင်တဲ့ status updates ကိုလည်းပဲ တူညီစွာ လုပ်ဆောင်နိုင်စေခြင်းဖြစ်ပါတယ်။ တကယ်လို့ buzz အနေနဲ့ ဒီဟာကိုထိထိရောက်ရောက်စီမံနိုင်ရင် twitter နဲ့ Facebook တို့ထက် ကောင်းကျိုးတစ်ခုရှိလာပါလိမ့်မယ်။ အဲဒီနောက် ဆက်သွယ်မှုနဲ့ ပတ်သက်ချက်ပေါ်မှာ အခြေခံပြီး အနှောင့်အယှက်တွေလျော့ကျသွားတာဟာ ဆက်သွယ်သူတို့ရဲ့ massage မှာပါရှိတဲ့အရာတွေနဲ့ မဆုံးဖြတ်ပါဘူး။ အဲဒါရဲ့ရလဒ်ကတော့ သိဖို့ခဲယဉ်းတဲ့တစ်စုံတစ်ယောက်ဆီကနေ စိတ်ဝင်စားဖို့ကောင်းတဲ့ comment တစ်ခုအဖြစ် buzz ကကောင်းစွာ ချိန်ကိုက်ပေးနိုင်လာပါလိမ့်မယ်။
မရှိနိုင်တဲ့အရာ ၅ ခု
1. Gmail မှာ user က ရှိနေရပါမယ်။ Gmail ပေါ်မှာ လုပ်ဆောင်နေတာသာ မဟုတ်ခဲ့ရင် Buzz ကို အသုံးပြုလို့ရတဲ့ နေရာမရှိပါဘူး။ အခြားဝန်ဆောင်မူတွေမပါဘဲ buzz တစ်ခုတည်းနဲ့ လုပ်နိုင်တာအရမ်းနည်းပါတယ်။ ဒါဆိုရင် email package တစ်ခုအတွက် sing up ပြုလုပ်ရယူဖို့ဆိုတာ လူတွေအတွက် မေးစရာဖြစ်လာပြီး social network တစ်ခုကို သုံးဖို့မလိုအပ်ပါဘူး။ Gmail မဟုတ်တဲ့ တခြား mail တွေသုံးနေသူ များစွာရှိနေပါတယ်။ ဒါပေမယ့် ဒီလိုမျိုးဟာ နေရာတိုင်းမှာရိုးရှင်းမနေပါဘူး။ facebook ရှိနေပြီးသားလိုမျိုးဖြစ်ပြီး ဒါဟာ
ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတော်တော်များများဟာ သူတို့ရဲ့ လက်ရှိ email ပုံစံ အမျိုးအစားကိုစိတ်ကျေနပ်မှု ဖြစ်နေပြီးသား ဖြစ်တာကြောင့် buzz ကို ကူးပြောင်းရွေးချယ်လာမှာ မဟုတ်ပါဘူး။
2. ဒီကနေ twitter ကို update မလုပ်နိုင်ပါ။ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ လူတော်တော်များများဟာ သူတို့ရဲ့ လက်ရှိ email ပုံစံ အမျိုးအစားကိုစိတ်ကျေနပ်မှု ဖြစ်နေပြီးသား ဖြစ်တာကြောင့် buzz ကို ကူးပြောင်းရွေးချယ်လာမှာ မဟုတ်ပါဘူး။
တိကျတဲ့ Twiter ရဲ့ပြောကြားချက်အားလုံးကို ဆွဲယူနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ပိုင်စိတ်ကူးကို Buzz သုံးပြီး တကယ်တမ်း tweet မလုပ်နိုင်ပါဘူး ။ ဘယ်သူတွေက ဘာတွေပြောထားတယ် ဆိုတာကို တုံ့ပြန်ချင်တဲ့၊ ကောင်းတဲ့အချိန်ပိုင်း တစ်ခုဖြစ်လာစရာ ရှိနေပါတယ်။ ဒါဟာ ဘာကိုဆိုလိုသလဲဆိုတော့ buzz ထဲကို log-in ဝင်မယ်။ ပြီးရင် Twitter ထဲကို log-in ဝင်ရောက်တယ်ဆိုတာ ရိုးစင်းတဲ့အရာဖြစ်မလာပေမယ့်လည်း Social ဝင်ရောက်ပြုလုပ်ချိန်ကိုသာ ထိထိရောက်ရောက်နဲ့ အချိန်ကို နှစ်ဆဖြစ်စေပါတယ်။
3. သူငယ်ချင်းတွေကို ချိတ်ဆက်တာဟာ မကောင်းပါဘူး။ Contact book ကနေ buzz ဟာ လူအားလုံးကို auto-friend လုပ်တာ ကောင်းပါတယ်။ ဒါပေမဲ့လည်း email ပို့တဲ့သူတွေနဲ့ social ကျကျ ဆက်သွယ်ချင်တဲ့သူတွေကို တူညီနေဖို့ မလိုအပ်ပါဘူး။ ကုမ္ပဏီတွေနဲ့ ဆက်သွယ်မှုတွေ၊ အခြား online stores နဲ့ ဝန်ဆောင်မှုတွေကို ဆက်သွယ်ထားခဲ့တာကို အဆုံးသတ်လိုက်ရမှာလား၊ အမှန်တော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ Google က ရူးသွပ်နေတာ မဟုတ်ပေမယ့် buzz sicialcircle ထဲတွင် လုပ်ငန်းပတ်သက်ဆက်သွယ်မှု အနည်းငယ်ရှိနေတာကို ရှာတွေ့နိုင်ပြီး ဒါဟာ အကောင်းဆုံး အကြောင်းပြချက်တစ်ခု အဖြစ်နဲ့ပဲ facebook ကိုအစားထိုးနိုင်ပါတယ်။
4. လူမှုရေး network ဟာ အနှောက့်အယှက် ဖြစ်စေသလား။ ဒါကတော့ Googoe buzz ရဲ့ noise filter ကိုဘယ်လောက်အထိ ယုံကြည်နိုင်သလဲ ဆိုတာဘဲ ဖြစ်ပါတယ်။ Google ဟာ Gmail မှာ spam filtering ကိုအကောင်းဆုံး လုပ်ဆောင်နိုင်နေပေမယ့် မလိုအပ်တဲ့ message တွေကို ရှာဖွေဖို့ လုပ်ဆောင်နေသူတွေကလည်း အများအပြား ဖြစ်နေပါတယ်။ ဒါဟာ စိတ်ဝင်စားဖွယ်ရာမရှိတဲ့ status update အတွက်တော့ မမှန်ပါဘူး။ ဒါဆိုရင် twiter ဒါမှမဟုတ် facebook သုံးမယ့်အစား buzz နဲ့ စစ်ဆေးကြည့်ခြင်းအားဖြင့် ဘာတွေကို လွတ်ထွက် သွားမလဲဆိုတာ မသေချာနိုင်ပါဘူး။ အဲဒီနောက် network မှာရှိတဲ့ အားလုံးကို စစ်ဆေးကြည့်တာကို အဆုံးသတ်သွားစေနိုင်ဖို့ ဖြစ်သွားနိုင်ပါလိမ့်မယ်။ ဒီကနေပဲ buzz ကလုပ်ဆောင်တဲ့ အရာတွေကို မယုံကြည်မှုစတင်ဖို့ လွတ်သွားတဲ့ဖိတ်ကြားချက်တစ်ခုကိုသာ ဖြစ်ပေါ်လာစေပါတယ်။
5. ရိုးစင်းပြေပြစ်မှု။ Buzz ကို ပထမဆုံးတွေ့ချိန်မှာ လွယ်ကူတဲ့ဝန်ဆောင်မှုလို့ မထင်ရပါဘူး။ twitter နဲ့ဆိုရင် Share လုပ်ချင်တဲ့ အရာတွေကို ပြုလုပ်မယ်၊ ဒါမှမဟုတ် မပြုလုပ်ချင်လည်း ရပါတယ်။ buzz ဟာ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့် အဆင့်တွေကို ကွဲပြားစွာ ထားရှိပါတယ်။ status update တွေကို network တစ်ခုလုံးက မြင်တွေ့နေနိုင်တယ်၊ ဒါမှမဟုတ် ရွေးချယ်ပေးထားခဲ့တဲ့ member တွေသာ တွေ့နိုင်စေပါတယ်။ ဒါဟာ ကောင်းမွန်တဲ့စိတ်ကူး တစ်ခုဖြစ်ပေမယ့် ပိုပြီးတော့ လိုက်လျောညီထွေဖြစ်အောင်လုပ်လေ ပိုပြီးရှုပ်ထွေးမှုတွေ ဖြစ်လာစေပါတယ်။
ဒါတွေဟာ တစ်စုံတစ်ယောက်က google buzz ကိုအသုံးပြုရတာ ငြီးငွေ့လာနိုင်တာနဲ့ လူတွေ အတွက် ရရှိလာနိုင်တယ် ဆိုတာတွေပါပဲ။ ဒီမှာကတော့ facebook ၊ twitter တို့ကို ယှဉ် ပြိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ google ရပ်တည်လာနိုင်မယ်၊ ဒါမှမဟုတ် ကျရှုံးသွားနိုင်တယ်ဆိုတာကို စတင်တဲ့အရာမဟုတ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဝန်ဆောင်မှုတစ်ခုဟာ add-on တစ်ခုသာဖြစ်ပြီး ဒီဝန်ဆောင်မှုကို gmail ဒါမှမဟုတ် google တစ်ခုလုံးလိုမျိုး တွေ့မြင်နိုင်ပါတယ်။ Gmail မှာရှိနေတဲ့လူတွေကို buzz ဟာ ပိုမိုရရှိနိုင်ပြီး ဒီ platform အတွက်လည်း sign-up ပြုလုပ်လာတဲ့လူ အနည်းငယ်ကို ရရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ယခု buzz ကို သုံးကြည့်နေတာ ထိုက်တန်မှု ရှိပြီး နောက်ထပ် layer တွေ ထပ်ထည့်နေတဲ့ Google ကို စောင့်ကြည့်နေရပါလိမ့်မယ်။
ဒါတွေဟာ တစ်စုံတစ်ယောက်က google buzz ကိုအသုံးပြုရတာ ငြီးငွေ့လာနိုင်တာနဲ့ လူတွေ အတွက် ရရှိလာနိုင်တယ် ဆိုတာတွေပါပဲ။ ဒီမှာကတော့ facebook ၊ twitter တို့ကို ယှဉ် ပြိုင်ဖို့ ဖြစ်လာနိုင်ပါတယ်။ ဒါဟာ google ရပ်တည်လာနိုင်မယ်၊ ဒါမှမဟုတ် ကျရှုံးသွားနိုင်တယ်ဆိုတာကို စတင်တဲ့အရာမဟုတ်ပါဘူး။ ဝန်ဆောင်မှု တစ်ခုသာ ဖြစ်ပါတယ်။ တကယ်တမ်းကျတော့ ဝန်ဆောင်မှုတစ်ခုဟာ add-on တစ်ခုသာဖြစ်ပြီး ဒီဝန်ဆောင်မှုကို gmail ဒါမှမဟုတ် google တစ်ခုလုံးလိုမျိုး တွေ့မြင်နိုင်ပါတယ်။ Gmail မှာရှိနေတဲ့လူတွေကို buzz ဟာ ပိုမိုရရှိနိုင်ပြီး ဒီ platform အတွက်လည်း sign-up ပြုလုပ်လာတဲ့လူ အနည်းငယ်ကို ရရှိနိုင်ပါတယ်။ ဒါဆိုရင်တော့ ယခု buzz ကို သုံးကြည့်နေတာ ထိုက်တန်မှု ရှိပြီး နောက်ထပ် layer တွေ ထပ်ထည့်နေတဲ့ Google ကို စောင့်ကြည့်နေရပါလိမ့်မယ်။
Google Search Engine မှာ ထဲထဲဝင်ဝင် သီချင်းရှာချင်ရင် ဒီကုဒ်ကို သုံးရပါမယ်။ သူက နောက်ဆုံး အပ်ဒိတ် လုပ်ထားတဲ့ သီချင်းရှိမယ့် နေရာတွေကို ပြပေးပါတယ်။ သီချင်း သီဆိုသူ နာမည်နဲ့ ရှာချင်တယ် ဆိုရင်တော့ ဒီကုဒ်ကို သုံးရပါမယ်။ နောက်က အနီပြထားတဲ့ ကုဒ်နေရာလေးမှာ ကိုယ်ရှာချင်သူကို ပြောင်းပေးရမှာ ဖြစ်ပါတယ်။ mp3 မဟုတ်ဘဲ wma ဖိုင်အမျိုးအစား လိုချင်တယ်ဆိုရင်လည်း ပြောင်းပေးရမှာ ဖြစ်ပါတယ်။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။
တစ်ခုသိရမှာက ဒီလို ရှာတာဟာ ဆိုဒ်တစ်ခုရဲ့ Directory ကိုတိုက်ရိုက် ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ ဆိုဒ်တွေက Access Denined ဖြစ်နေတတ်ပါတယ်။ စိတ်ရှည်ရှည်နဲ့ ရှာရပါတယ်။ ကောင်းတာက တခြား အမ်ပီသရီး ဆိုဒ်တွေကလို ဗိုင်းရပ်စ်တွေ စပိုင်ဝဲယားတွေ မကပ်နိုင်တာပါ။ ရှားရှားပါးပါး သီချင်းတစ်ပုဒ်ကို ရှာမရ ဖြစ်နေရင် ဒီကုဒ်လေးတွေနဲ့ စမ်းကြည့် နိုင်ပါတယ်။ သာမန် အမ်ပီသရီး ဖိုင်တွေကတော့ အလွယ်တကူ ရှာနိုင်ကြမှာပါ။
http://www.ukhairdressers.com http://www.ukhairdressers.com/hair_move/ http://www.squidoo.com/photo-faces
ဒီဆိုက်တွေကနေ ပြောင်းကြည့်ပါ အဆင်ပြေနိုင်ပါစေ
ဒီဆိုက်တွေကနေ ပြောင်းကြည့်ပါ အဆင်ပြေနိုင်ပါစေ
Google Book များအားအလွယ်တကူဒေါင်းလော့ လုပ်ရအောင်

ကျွန်တော့်ကို မေးထားတဲ့အကိုတစ်ယောက်လဲရှိတာနဲ့ အခု Google Book Downloader လေးရလာလို့တစ်
ခြားလိုအပ်တဲ့သူတွေပါ သုံးလို့ရအောင်ပြန်ရှယ်ပေးလိုက်ပါတယ်… ကျွန်တော်တို့
http://books.google.com/
မှာတင်ထားတဲ့စာအုပ်တွေကို အရင်ကဖတ်လို့ပဲရပါတယ်.. PDF နဲ့ဒေါင်းလော့ချချင်တဲ့အခါဝယ်ခိုင်းပါ
တယ်…အကိုတစ်ယောက်ကလဲ ဘယ်လိုဒေါင်းလော့ချလို့ရမလဲလို့ မေးဖူးပါတယ်.ကျွန်တော်ကလဲ မရ
လောက်ဘူးလို့ထင်တယ်လို့ပဲ ပြန်ဖြေမိလိုက်ပါတယ်..အခုဒီကောင်လေးကို တွေ့လို့သုံးကြည့်လိုက်တာ
အဆင်ပြေတာနဲ့ပြန်ရှယ်ပေးလိုက်တာပါ..အသုံးပြုရတာလဲလွယ်ပါတယ်..ကျွန်တော်အောက်မှာအသုံးပြု
နည်းကိုပုံလေးတွေနဲ့လဲရှင်းပြပေးထားပါတယ်..
အရင်ဆုံးကျွန်တော်အောက်မှာတင်ပေးထားတဲ့ Google Book Downloader လေးကိုဒေါင်းလော့ချလိုက်ပါ..
ပြီးရင်အဲ့ဒီကောင်လေးကို မိမိတို့ရဲ့စက်မှာ Install လုပ်လိုက်ပါ.. ပြီးရင် Google Book Downloader လေးကို
ဖွင့်လိုက်ပါ..ပြီးရင်အောက်ကလင့်ကနေသွားပြီးတော့ပဲဖြစ်ဖြစ် ဒါမှမဟုတ်မိမိတို့ဒေါင်းလော့လုပ်ချင်တဲ့စာ
အုပ်ကိုပဲဖြစ်ဖြစ်ဒေါင်းလော့ချဖို့အတွက် http://books.google.com/ ကိုသွားလိုက်ပါ..ကျွန်တော်အောက်မှာ
Computer Networking ဆိုတဲ့စာအုပ်လေးကိုဒေါင်းလော့ချတာကို ပုံလေးတွေနဲ့ရှင်းပြပေးထားပါတယ်..


ကျွန်တော်တို့က Start ကိုနှိပ်ပြီးဒေါင်းလော့မချခင် Output Format မှာ PDF နဲ့ JPEG ကြိုက်တာကိုရွေးလို့
ရပါတယ်..



အပေါ်ကပုံအတိုင်း Done ဆိုပြီးဘောက်လေးတက်လာရင်တော့ OK ပေးလိုက်ယုံပါပဲ..ဒါဆိုရင်မိမိတို့ဒေါင်း
လော့ချချင်တဲ့စာအုပ်လေးကိုဒေါင်းလော့ချ ပြီးသွားပါပြီ..
သူရဲ့ဆိုဒ်မှာသွားပြီးဒေါင်းလော့ချလို့လဲရပါတယ်..အဆင်မပြေတဲ့လူတွေကတော့အောက်မှာကျွန်တော်တင်
ပေးထားတဲ့လင့်တွေကနေအဆင်ပြေတဲ့စီ ကနေသာယူသွားလိုက်ပါ..
http://www.gbooksdownloader.com/
Download From Ifile.it
Download From Mediafire
အားလုံးပဲအဆင်ပြေကြပါစေ….ကျေးဇူးတင်ပါတယ်ခင်ဗျာ..
for everyone
Google image မှပုံရှာပေးခြင်းသည် မိသားစုကြည်.ရူ.နိုင်အောင်စီစည်ထားသဖြင်. အချို.တားမြစ်ပုံအချို.အားချန်ထားခဲသည် ချန်ထားခဲသောပုံများပါကြည်.ရူချင်ရင်တော.
ွGoogle image ပုံအားကလစ်ပေးသွားပါ
ွGoogle image ပုံအားကလစ်ပေးသွားပါ
